စပိန်ကွင်းလယ်လူဟောင်း မာတာ ကစားသမားဘဝမှ အနားယူ
DVB
·
November 19, 2026

စပိန်ကွင်းလယ်လူဟောင်း ဟွမ်မာတာဟာ အသက် ၃၈ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။
မာတာဟာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၂ ဥရောပဖလားပြိုင်ပွဲတွေကို စပိန်အသင်းနဲ့အတူ ဆွတ်ခူးခဲ့ပြီး အီတလီနဲ့ကစားခဲ့တဲ့ ယူရိုဖိုင်နယ်ပွဲမှာပါ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။
ကလပ်အသင်းဘဝမှာ ချယ်လ်ဆီးနဲ့ မန်ယူအသင်းတို့အတွက် ကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။
မာတာကတော့ ဘောလုံးလောကနဲ့ အဆက်အသွယ်မပြတ်ဘဲ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း ပြောပါတယ်။











