DVB Logo
Home
နိုင်ငံတကာ
ဆီယက်တဲလ်မြို့ အစားအသောက်ပွဲတော်တွင် ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံး
DVB
·
July 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ ဆီယက်တဲလ်မြို့လယ်ခေါင်မှာ ဇူလိုင် ၂၆ ရက်က  ကျင်းပခဲ့တဲ့ “Bite of Seattle” အစားအသောက်ပွဲတော်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားတာကြောင့် လူ ၃ ယောက် သေဆုံးပြီး ၂ နှစ် အရွယ် ကလေးငယ်တယောက် အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ပစ်ခတ်မှုအပြီးမှာ ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်အရွယ် လူငယ်တယောက်ကို လက်ထိပ်ခတ် ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ဆီယက်တဲလ်ရဲတပ်ဖွဲ့ (SPD) ဒုတိယရဲမှူးကြီး တိုင်ရွန်းဒေးဗစ်ရဲ့ အဆိုအရ လူ ၂ ယောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ယူဆရပြီး ဒုတိယမြောက် သံသယရှိသူကိုလည်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

အခင်းဖြစ်နေရာကနေ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ပြီး ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

ဒါ့အပြင် တတိယမြောက် သံသယရှိသူတယောက်လည်း ပါဝင်နိုင်ခြေရှိတာကြောင့် အများပြည်သူ က သတင်းအချက်အလက်တွေ ကူညီပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ ဧရိယာကို လုံခြုံရေးယူပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေစဉ်အတွင်း အများပြည်သူအနေနဲ့ အဲဒီဧရိယာကို မသွားရောက်ကြဖို့ သတိပေးထား ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013