
မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ဆီ အမျိုးအမည် မသိရသေးတဲ့ ပစ်ခတ်မှုတခု ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှု အမြောက်အမြား ပြုလုပ်ခဲ့သလို ဒရုန်းပြပွဲတခုကိုပါ ကျင်းပပြီး စစ်အင်အား ပြသမှုတွေကို တိုးမြှင့် လုပ်ဆောင်လာတာပါ။
ဒီစမ်းသပ်မှုတွေဟာ စစ်တပ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
မြောက်ကိုရီးယားဟာ မဟာမိတ် ရုရှားအတွက် ယူကရိန်းစစ်ပွဲဆီ သူ့တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တာကြောင့် ခေတ်သစ်စစ်ပွဲဆိုင်ရာ အတွေ့အကြုံတွေကိုလည်း ရရှိထားပါတယ်။
Source: Reuters











