DVB Logo
Home
နိုင်ငံတကာ
ကဘူးလ်ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူ ၄၀၀ သေဆုံးပြီး ၂၅၀ ဒဏ်ရာရ
DVB
·
March 17, 2026
photo:Reuters
photo:Reuters
Donate to DVB

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် အိမ်နီးချင်း ၂ နိုင်ငံကြားက ပဋိပက္ခ အရှိန်မြင့်တက်လာချိန်မှာပဲ အာဖဂန်မြို့တော် ကဘူးလ်ရှိ မူးယစ်ဆေးဖြတ်ကုသရေးဆေးရုံကို ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၀၀ သေဆုံးပြီး ၂၅၀ ဒဏ်ရာ ရရှိခဲ့ကြောင်း အာဖဂန် တာလီဘန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က မတ် ၁၇ ရက်မှာ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ မတ် ၁၆ ရက် ည ၉ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုတင် ၂,၀၀၀ ဆံ့ အိုမစ်ဒ် မူးယစ်ဆေးဖြတ်ဆေးရုံကို ပစ်မှတ်ထားခဲ့တာလို့ တာလီဘန် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရတ်က ပြောပါတယ်။

ပါကစ္စတန်ဘက်ကတော့ ဒီစွပ်စွဲချက်ဟာ မှားယွင်းပြီး နားလည်မှု လွဲစေတယ်လို့ ငြင်းဆိုလိုက်ပြီး တနင်္လာနေ့ ညပိုင်းတိုက်ခိုက်မှုဟာ စစ်ရေးအဆောက်အအုံတွေနဲ့ အကြမ်းဖက်သမားတွေရဲ့ နေရာ တွေကိုပဲ တိတိကျကျ ပစ်မှတ်ထားခဲ့တာလို့ တုံ့ပြန်ပါတယ်။

မတ် ၁၆ ရက် ညပိုင်းက အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုမှတ်တမ်းတွေမှာတော့ မီးလောင်နေတဲ့ နေရာကနေ မီးခိုးလုံးတွေ တက်လာတာနဲ့ မြေပြင်ပေါ်မှာ အပျက်အစီးတွေ ပြန့်ကျဲနေတာကို မြင်တွေ့ ရပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံက တောင်အာရှရှိ အစ္စလာမ်ဘာသာဝင်နိုင်ငံ ၂ခုကြား တင်းမာမှုတွေ လျော့ကျဖို့ ကြိုးပမ်းမှုတွေကို ဆက်လုပ်ဆောင်သွားဖို့ အသင့်ရှိနေဆဲဖြစ်ကြောင်း ပြောကြားပြီး နှစ်ဖက်စလုံးကိုလည်း စစ်ပွဲကို မချဲ့ထွင်ဘဲ ဆွေးနွေးညှိနှိုင်းရေး စားပွဲကို ပြန်လာဖို့ တိုက်တွန်းခဲ့ပြီးနောက် နာရီအနည်းငယ်အတွင်းမှာပဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ဒီပဋိပက္ခဟာ မိုင်ပေါင်း ၁,၆၀၀ (ကီလိုမီတာ ၂,၆၀၀) တလျှောက် နယ်စပ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား အဆိုးရွားဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

တရုတ်အပါအဝင် မိတ်ဖက်နိုင်ငံတွေက တိုက်ပွဲတွေ ရပ်တန့်ဖို့ ကြားဝင်စေ့စပ်ပေးခဲ့လို့ တင်းမာမှု တွေ ခဏတာ လျော့ပါးခဲ့ပေမဲ့ အခုအခါမှာ ပြန်ပြီးအရှိန်မြင့်လာတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013