DVB Logo
Home
နိုင်ငံတကာ
ပဋိပက္ခ မဖန်တီးသလို အချုပ်အခြာစွန့်မည်မဟုတ်ဟု ထိုင်ဝမ်သမ္မတပြော
DVB
·
May 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ထိုင်ဝမ်ဟာ ပဋိပက္ခတခု စတင်ဖန်တီးမှာ မဟုတ်သလို အချုပ်အခြာ အာဏာကိုလည်း စွန့်လွှတ်မှာ မဟုတ်ဘူးလို့ သမ္မတ လိုင်ချင်းတယ်က ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီချင့်ဖျင်တို့ ဆွေးနွေးခဲ့ကြအပြီး မေ ၁၇ ရက်မှာ လိုင်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

ထိုင်ဝမ်အရေးဟာ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အရေးအကြီးဆုံးကိစ္စဖြစ်ပြီး အကိုင်အတွယ်မှားရင် ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ ရှီက ထရမ့်ပ်ကို သတိပေးခဲ့ပါတယ်။

ထရမ့်ပ်ကလည်း မေ ၁၅ ရက် တရုတ်ပြည်ကအပြန်မှာ “တယောက်ယောက် လွတ်လပ်ရေးယူသွားမှာကို မမျှော်လင့်ဘူး” လို့ FOX သတင်းဌာနနဲ့ အင်တာဗျူးမှာ သတိပေးခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အချုပ်အခြာအာဏာပိုင်တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လို့ “ထိုင်ဝမ်လွတ်လပ်ရေး” ဆိုတဲ့ သီးသန့်ကိစ္စ မရှိဘူးလို့ လိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားပါတယ်။

ဒါ့အပြင် တန်းတူညီမျှမှုရှိရင် တရုတ်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိပေမဲ့ “ပြန်လည်ပေါင်းစည်းရေး” ခေါင်းစဉ်နဲ့ ဖိအားပေးတာကိုတော့ ငြင်းပယ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်ရောင်းချဖို့ အတည်ပြုခဲ့ပေမဲ့ အဲဒီအရောင်းအဝယ် ဆက်လုပ်၊ မလုပ်ကို ပြန်ဆုံးဖြတ်မယ်လို့ ထရမ့်ပ်က ပြောပါတယ်။

တရုတ်ဘက်က စစ်အင်အားသုံးဖို့ လက်မလွှတ်သေးတဲ့အတွက် အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် လိုအပ်တယ်လို့ လိုင်က ထောက်ပြပြီး ထရမ့်ပ်ရဲ့ ပံ့ပိုးမှုတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013