DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် ARSA အဖွဲ့ကို ထောက်ပံ့သူ ၁ ဦးအား ဖမ်းမိဟု AA ထုတ်ပြန်
DVB
·
October 19, 2026
Photo: AA မှုခင်းဌာန
Photo: AA မှုခင်းဌာန
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ARSA အကြမ်းဖက်အဖွဲ့ကို ဆေးဝါး၊ ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တဲ့ မွတ်ဆလင်အမျိုးသားတယောက်ကို ဒီလပ်က ဖမ်းဆီးအရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ မှုခင်းဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ရသူဟာ ကျောက်တော်မြို့နယ် အောက်ပိုက်သည်ရွာက အသက် ၄၀ အရွယ် ဟာမီတူဆင်း ဖြစ်ပါတယ်။

ပိုက်သည်ရွာဒေသခံတယောက်က “သူတို့ရွာမှာက ULA/AA အဖွဲ့ဝင်တွေ အုပ်ချုပ်ရေးမှူးတွေ ရှိတော့ သူတို့အနေနဲ့ အာဆာကို ထောက်ပံ့ခဲ့တာ ပူးပေါင်းလုပ်ဆောင်ခဲ့တာကို သိရတယ်။ အဲဒီကတဆင့် ခြေရာခံမိပြီး အခုလို ဒီလပ်က ဖမ်းဆီးရမိတာပါ” လို့ ပြောပါတယ်။

ဟာမီတူဆင်းဟာ ၂၀၁၅ ခုနှစ်က မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကတဆင့် သွားရောက်ပြီး အလုပ်လုပ်ကိုင်ခဲ့စဉ် နိုင်ငံခြားရောက် မွတ်ဆလင် တက်ကြွလှုပ်ရှားသူတွေရဲ့ အွန်လိုင်းအဖွဲ့တွေမှာ ပါဝင်ခဲ့တယ်လို့ အာရက္ခ မှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်အတွင်း ဟာမီတူဆင်းဟာ အွန်လိုင်းအဖွဲ့တွေကတဆင့် ထောက်ပံ့ရေးအတွက် မလေးရှားရင်းဂစ် ၄၀ စီ နှစ်ကြိမ် ပေးအပ်ခဲ့ပြီး အဲဒီကိစ္စနဲ့ ဆက်စပ်တဲ့ တခြားလူ ၂၂ ယောက်ကိုလည်း အမှုမှာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအဖွဲ့တွေကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်တွေနဲ့ ARSA အဖွဲ့ကို ဆေးဝါး၊ ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့မှာ ဟာမီတူဆင်းဟာ ဇနီးဖြစ်သူ ကျန်းမာရေးမကောင်းကြောင်း သတင်းရရှိပြီးနောက် မလေးရှားနိုင်ငံကနေ မိမိနေရပ်ကို ပြန်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနောက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့မှာ ကျောက်တော်မြို့မ ဒီလပ်စခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဟာမီတူဆင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၀(ည) နဲ့ ၅၂(က) တို့အရ အရေးယူထားပြီး အမှုနဲ့ဆက်စပ်တဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ၂၂ ယောက်ကိုလည်း တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်တဲ့ တရားစွဲဆိုမှု အခြေအနေတွေကိုတော့ သက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အာရက္ခ မှုခင်းနဲ့ ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013