DVB Logo
Home
မြန်မာသတင်း
ဖာပွန်နှင့် ကျောက်ကြီးကို ဗုံးကြဲသဖြင့် ၄ ဦးသေဆုံးပြီး ရွာ ၄ ရွာက ဒေသခံများ ထွက်ပြေးနေရ
DVB
·
April 18, 2026
ဖာပွန်နှင့် ကျောက်ကြီးကို ဗုံးကြဲသဖြင့် ၄ ဦးသေဆုံးပြီး ရွာ ၄ ရွာက ဒေသခံများ ထွက်ပြေးနေရ
1 / 10
Photo : KNU, Karen Education & Culture Department
Donate to DVB

ဖာပွန်ခရိုင်ထဲမှာ စစ်တပ်ကဗုံးကြဲလို့ လူ ၄ ယောက်သေဆုံးပြီး ကျောက်ကြီးမြို့နယ်မှာလည်း ဗုံးကြဲနေတာကြောင့် ရွာ ၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဧပြီ ၁၅ ရက်နဲ့ ၁၆ ရက်က ဖာပွန်ခရိုင်၊ လူသောမြို့နယ်က ခင်ပါရွာကို စစ်တပ်က လေကြောင်း ကနေ အပြင်းအထန်တိုက်ခိုက်ခဲ့သလို ဗုံးပါကြဲခဲ့တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဧပြီ ၁၇ ရက် မှာ ထုတ်ပြန်ပါတယ်။

တိုက်လေယာဉ် ၂ စင်း၊ Y-12 လေယာဉ် ၂ စင်းတို့နဲ့ ရွာပေါ်ကို ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့တာပါ။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရွာက အလယ်တန်းကျောင်း လုံးဝ ပျက်စီးသွားသလို နေအိမ်တွေ လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ပြီးတော့ ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံ တွေဆီက သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ရွာ ၄ ရွာက ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဧပြီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဝါကေဒဲရွာနဲ့ လယ်ဆူခိုရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲဒီရွာတွေအပါအဝင် အနီးက ကိုထာရွာနဲ့ ကဒူးမူဒဲရွာတွေက အိမ်ထောင်စု ၈၄ စု၊ လူ ၆၀၂ ယောက်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

စစ်ဘေးရှောင်တွေဟာ စိုးရိမ်နေကြရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013