DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်၊ မတူပီမြို့အနီး အင်အား ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ရှား
DVB
·
October 4, 2026
Photo: မိုး/ဇလ
Photo: မိုး/ဇလ
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နားမှာ အင်အား ၄ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်က ‌ညောင်ဦးမြေငလျင်စခန်းရဲ့ အနောက်ဘက် ၉၅ မိုင်လောက်အကွာ၊ ချင်းပြည်နယ်၊ မတူပီမြို့ရဲ့ တောင်ဘက် ၂၇ မိုင်လောက်အကွာမှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ရှားတာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနကလည်း ချင်းပြည်နယ်၊ မတူပီမြို့နားမှာ မြေအောက်အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၇ အဆင့်နဲ့ ငလျင်တခု လှုပ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီမနက်အစောပိုင်း မနက်အစောပိုင်း ၁၂ နာရီ ၄၂ မိနစ်လောက်ကလည်း မတူပီမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နားမှာ အင်အား ၅ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ရှားခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013