DVB Logo
Home
နိုင်ငံတကာ
မယ်ဟောင်ဆောင်တွင် ရွာသား ၂ ဦး မှိုအဆိပ်သင့် သေဆုံး 
DVB
·
June 4, 2026
Photo: ChiangMai News 
Photo: ChiangMai News 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်မြို့နယ်က ရွာသား ၂ ယောက်ဟာ တောထဲက ရလာတဲ့မှိုတွေ စားသုံးပြီးတဲ့နောက် အဆိပ်သင့် သေဆုံးသွားတယ်လို့  ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဟောင်ဆောင်မြို့နယ် မောက်စံပယ်အုပ်စု နားပါပက်ကျေးရွာက ရွာသား ၂ ယောက်ဟာ ဒေသ အခေါ် ဟေရငုတ်လို့ခေါ်တဲ့ ငန်းဥမှိုနဲ့ ဆင်တူသော အဆိပ်ရှိ မှိုကို စားသုံးမိရာက သေဆုံးသွားတဲ့ နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဌာနက မှိုစားသုံးရာမှာ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။ 

ခုလိုမိုးဦးကျရာသီ တောထဲမှာ မှိုအမျိုးမျိုးပေါက်လာတယ်၊ ရွာသားတွေလည်း တောထဲမှိုရှာထွက်ပြီး တချို့က ကိုယ့်ဖာသာချက်စားတယ်၊ တချို့က စီးပွါးဖြစ် ရောင်းချတယ်။ နာပါပက်ရွာသား ၂ ယောက်ဟာလည်း တောထဲမှာ မှိုရှာထွက်ပြီး အဲဒီကရလာတဲ့မှိုတွေကို ချက်ပြုတ်စားသောက်တယ်။ စားပြီး မကြာခင်မှာဘဲ အပြင်းအထန်အော့အန်တာ၊ ဝမ်းလျှောတာ ဗိုက်နာတာတွေဖြစ်လို့ မယ်ဟောင်ဆောင်က ဆီရီဆမ်ဝမ်းဆေးရုံကို ပို့ပေးခဲ့တယ်လို့ နားပါပက်ရွာသူကြီးက သတင်းထောက်ကို  ပြောပါတယ်။

အဲဒီဆေးရုံမှာ ကုသလို့မနိုင်တော့တာကြောင့် ချင်းမိုင်မဟာရတ် ဆွန်ဒေါက်ဆေးရုံကြီးကို လွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်။

ဒါပေမဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားက မေ ၂၇ ရက်က သေဆုံးသွားပြီး ကျန်တဲ့ အသက် ၄၅ နှစ် အရွယ်အမျိုးသားဟာလည်း ဒီ ဇွန် ၂ ရက်မှာ ထပ်မံသေဆုံးသွားပြန်တယ်လို့ ရွာသူကြီးက ဆက်ပြောပါတယ်။

သူတို့စားမိတဲ့မှိုဟာ စားလို့ရတဲ့ ငန်းဥမှိုအမျိုးအစားနဲ့ ဆင်တူတဲ့ အဆိပ်ရှိမှိုဖြူဖြစ်နိုင်တယ်၊ သူတို့က စားလို့ရတယ်ထင်ပြီး ယူလာတော့ ခုလိုအသက်ဆုံးရှုံးရတာလို့ ဆိုပါတယ်။

တောထဲကမှိုတချို့မှာ ခန္ဓာကိုယ်ကို အနည်းနဲ့အများ ဘေးဥပါဒ်ပေးနိုင်တဲ့ အဆိပ်အတောက်တွေ ပါတတ်သလို အသက်အန္တရာယ်ရှိနိုင်တာကြောင့် သေချာ စစ်ဆေးပြီးမှ စားသုံးကြဖို့ ပြည်သူတွေ အနေနဲ့ မှိုစားရာမှာ အထူးဂရုစိုက်ဖို့ မယ်ဟောင်ဆောင် ပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။ 

Source: ChiangMai News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013