DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို ဂုဏ်ပြုသည့် TNLA ကို တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ကန့်ကွက်
DVB
·
April 16, 2026
  စစ်အာဏာရှင်ကို ဂုဏ်ပြုသည့် TNLA ကို တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ကန့်ကွက်
Donate to DVB

စစ်အာဏာရှင် သမ္မတ မင်း‌‌‌အောင်လှိုင်နဲ့ အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း PSLF/TNLA က ဧပြီ ၁၅ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တာဟာ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် (TCSN) နဲ့ တအာင်းပြည်သူလူထုတို့ရဲ့ နိုင်ငံ‌ရး မျှော်မှန်းချက်၊ ရပ်တည်ချက်နဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ ဒီကနေ့ ဧပြီ ၁၆ ရက်‌နေ့မှာ သ‌ဘောထားထုတ်ပြန်လိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ခေါင်းဆောင်‌တွေ ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း‌တွေကို ကိုယ်ချင်းစာနာ နားလည်ပေးနိုင်ပေမဲ့ ပြည်သူများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပျက်စီးဆုံးရှုံးစေခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့တာကတော့ PSLF/TNLA ရဲ့ အခြေအနေအရ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး TCSN နဲ့ ပြည်သူတွေရဲ့ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် PSLF/TNLA အနေနဲ့ လက်ရှိ တအာင်းဒေသအတွင်းမှာ တာဝန်ထမ်း‌ဆောင်‌နေတဲ့ CDM များ၊ တော်လှန်ရေးအတွင်းမှာ ကျဆုံးသွားခဲ့ရတဲ့ ရဲဘော်တွေနဲ့ ဒဏ်ရာရ‌‌နေတဲ့ ရဲဘော်တွေအပါအဝင် ပြည်သူလူထုတွေရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး လမ်း‌‌‌ကြောင်းပေါ်မှာ မားမားမတ်မတ် ရပ်တည်ပေးဖို့၊ စစ်အာဏာရှင် မင်း‌အာင်လှိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆက်သွယ်တာနဲ့ ဂုဏ်ပြုမှုကိစ္စရပ်တွေကို ချက်ချင်း ရပ်တန့်ပေးဖို့၊ ပြည်သူ‌တွေနဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ပြီး မတူကွဲပြားမှုတွေကနေ ငြိမ်းချမ်းတဲ့ လူ့ဘောင် အဖွဲ့အစည်း တည်‌ဆောက်သွားဖို့ ဆိုတဲ့ အချက်သုံးချက်ကို ထုတ်ပြန်ချက်ကနေ ထုတ်ဖော် တောင်းဆိုထားပါတယ်။

TCSN အနေနဲ့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ တော်လှန်ပြည်သူတွေနဲ့အတူ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။ 

အခုလို ထုတ်ပြန်ချက်ထုတ်လိုက်တဲ့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်မှာ အရပ်ဘက် အဖွဲ့ ၆ ဖွဲ့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013