DVB Logo
Home
Lead Story
ဖွံ့ဖြိုးရေး ကောင်းကောင်းမလုပ်နိုင်ဟု တိုင်းပြည်ဖျက်ဆီးနေသည့် စစ်အာဏာရှင်သမ္မတပြော
DVB
·
September 16, 2026
Photo: Head of State
Photo: Head of State
Donate to DVB

အခြေခံအဆောက်အအုံနဲ့ ဆုံးရှုံးခဲ့တဲ့ လူသားအရင်းအမြစ်တွေကို ပြန်လည်တည်ဆောက် မွေးထုတ်နေရကြောင့် ဖွံ့ဖြိုးရေး ကောင်းကောင်းမလုပ်နိုင်ဘူးလို့ တိုင်းပြည်ကို ဖျက်ဆီးပြီး ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်သမ္မတက ပြောပါတယ်။

တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီး သက်ကြီးရွယ်အိုတွေ၊ ရဟန်းသံဃာတွေနဲ့ ကလေးငယ်ပါ မချန် သတ်ဖြတ်နေသလို သာသနိကအဆောက်အအုံတွေ၊ ဆေးရုံတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အာဏာရှင်သမ္မတက အကြမ်းဖက်သမားတွေ ဖျက်ဆီးတာတွေကြောင့် ဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်တည်ဆောက်မွေးထုတ်နေရလို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတကရေးကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ဘူးလို့ ဖုံးကွယ်ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။

လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး တည်ငြိမ် အေးချမ်းအောင် အစိုးရအဆက်ဆက် ကြိုးပမ်းခဲ့ပေမဲ့ အခြေခံလိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် လမ်း၊ တံတားနဲ့ အခြေခံအဆောက်အဦတွေကို အကြမ်းဖက်သမားတွေက ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံနဲ့ ဒီနေ့ထိ နှောင့်ယှက် ဖျက်ဆီးနေတာကြောင့် နိုင်ငံတည်ဆောက်ရေးမှာ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဖျက်ဆီးခံခဲ့ရတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဆုံးရှုံးခဲ့ရတဲ့ လူသားအရင်းမြစ်တွေကို ပြန်လည် တည်ဆောက်မွေးထုတ်နေရတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်း မရှိတာဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် ကြီးမားတဲ့ ထိခိုက် နစ်နာဆုံးရှုံးနေရမှုပဲ ဖြစ်ပါတယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်မှုတွေကိုတော့ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်တာ ဖြစ်တယ်လို့ ပြောင်ပြောင်တင်းတင်း စွပ်စွဲထုတ်ပြန်လာသလို သူတို့ရဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ အဆောက်အအုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်တာတွေကိုတော့ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူ့အသက်အိုးအိမ်ကာကွယ်ရေးတို့အတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement-RoE) နဲ့ အညီ ဗုံးကြဲသတ်ဖြတ်နေတာလို့ စစ်အာဏာရှင် လက်ဝေခံ အဖွဲ့အစည်းတွေက ပြောဆိုတာတွေ ပြုလုပ်လာတာကိုလည်း တွေ့ရပါတယ်။

ရွေးကောက်ပွဲအတုကနေတဆင့် အတင်းအဓမ္မ သမ္မတရာထူးယူကာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ သိသာထင်ရှားတဲ့ တိုးတက်လာမှုတွေမရှိဘဲ ပြည်သူတွေမှာ လက်ရှိအချိန်အထိ အခက်အခဲပေါင်းစုံနဲ့ နေ့စဉ် လှုပ်ရှားနေရဆဲ ဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းရေးအတွက်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတဆင့် ဖြစ်နိုင်တာကို တောင်းဆိုပြီး မဖြစ်နိုင်တာတွေကို ညှိနှိုင်းသွားဖို့လည်း စစ်အာဏာရှင်သမ္မတက ထပ်မံမေတ္တာရပ်ခံ တိုက်တွန်းကြောင်း အစည်းအဝေးမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013