
ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ သူရဲ့ အကြိုက်ဆုံးဟာသပုံ meme က တရုတ်အာဏာရှင် တယောက်ပုံလို့ ပြောခဲ့တာကြောင့် တရုတ်နိုင်ငံပိုင် မီဒီယာအဖွဲ့အစည်း CMG ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုနှင့် ရင်ဆိုင်နေရပါတယ်။
သူက တရုတ် ကွန်မြူနစ်ခေါင်းဆောင်ဟောင်း မော်စီတုန်းကို အာဏာရှင်လို့သုံးနှုန်းခဲ့တဲ့ မှတ်ချက်စကားကြောင့် တရုတ်ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေခဲ့ကြောင်း CMG က ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်းတွေက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲစဉ်တွေကို ထုတ်လွှင့်ပြသခြင်းမပြုဘဲ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
အမ်ဘာပေဘက်က တောင်းပန်ခဲ့ပေမဲ့ တရုတ်မီဒီယာတွေက လက်ခံခြင်းမရှိဘဲ သူတို့ရဲ့ ရပ်တည်ချက်ကိုသာ ဆက်လက်ကိုင်စွဲထားပါတယ်။
ဒီဖြစ်စဥ်ကြောင့် အမ်ဘာပေအပြင် ရီးရဲမက်ဒရစ်နဲ့ လာလီဂါ ဥက္ကဋ္ဌတို့ကပါ တရုတ်နိုင်ငံကို တရားဝင်တောင်းပန်စာထုတ်ပြန်ခဲ့ပါသေးတယ်။











