
ပြင်သစ် အမျိုးသားအသင်းနည်းပြသစ် ဇီဒန်းရဲ့ ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ တူရကီနဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ တိုက်စစ်မှူး အမ်ဘာပေ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ကျန်ရှိတဲ့ ပွဲစဉ်တွေကို လွဲချော် တော့မယ်လို့ BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
အမ်ဘာပေဟာ ပြင်သစ်အသင်းအတွက် ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိစေမဲ့ ဂိုးကို သွင်းယူပေးပြီး ၅ မိနစ် အကြာမှာပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။
နည်းပြ ဇီဒန်းကတော့ ဘာပေရဲ့ ဒူးမှာ ရောင်ရမ်းနေတာကြောင့် စွန့်စားမှု ပြုလုပ်မှာမဟုတ်ဘဲ ကလပ်အသင်းဆီ ပြန်လွှတ်ရမယ်လို့ ပြောဆိုခဲ့တာပါ။
ဒီပွဲဟာ နည်းပြ ဒေချမ့်နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ ဇီဒန်းအတွက် ပြင်သစ်အသင်းကို ပထမဆုံး ကိုင်တွယ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။
Photo:Reuters










