DVB Logo
Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် ကျောင်းတွင်းသေနတ်သမား ကစားခဲ့သည့် ဗီဒီယိုဂိမ်းကို ပိတ်ပင်
DVB
·
June 25, 2026
Photo: KAGAWAD CALOY
Photo: KAGAWAD CALOY
Donate to DVB

ဖိလစ်ပိုင်မှာ ရှားရှားပါးပါး ကျောင်းတွင်းပစ်ခတ်မှု ကျူးလွန်ခဲ့တဲ့ ဆယ်ကျော်သက်သေနတ်သမား ၂ ယောက်ထဲက တယောက်ဟာ Gorebox ဆိုတဲ့ဂိမ်းကို ကစားခဲ့တယ်လို့ တွေ့ရှိရတာကြောင့် အဲဒီ ဂိမ်းအက်ပလီကေးရှင်းကို အာဏာပိုင်တွေက ယာယီပိတ်လိုက်ပါတယ်။

ဇွန် ၂၂ ရက်က တက်ကလိုဘန်မြို့မှာရှိတဲ့ ဆန်ဟိုဆေး အမျိုးသားအထက်တန်းကျောင်းမှာ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် ကျောင်းသား ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် ကျောင်းသား ၃ ယောက် သေဆုံးခဲ့ပြီး တခြား အယောက် ၂၀ လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကလေးဟာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း မျိုးစုံသုံးပြီး အကြမ်းဖက်တိုက်ခိုက်ရတဲ့ Gorebox ဂိမ်းကို ကစားသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိလစ်ပိုင် ဆိုက်ဘာလုံခြုံရေးအေဂျင်စီကလည်း “ဒီလို ကြေကွဲစရာဖြစ်ရပ်ဆီ ဦးတည်သွားစေတဲ့ အွန်လိုင်းပေါ်က လွှမ်းမိုးမှုတွေကို ကျနော်တို့ လျစ်လျူရှုထားလို့ မရပါဘူး” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ကနဦးစစ်ဆေးချက်တွေအရ သိရပြီး ဒီပစ်ခတ်မှုကို ကြိုတင်စီစဉ်ခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အသက် ၁၄ နှစ်အရွယ် ကလေး အသုံးပြုခဲ့တဲ့ 9mm သေနတ်ဟာ ရဲအရာရှိဖြစ်တဲ့ သူ့အဒေါ်ရဲ့ သေနတ်ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် ကလေးရဲ့ .38 သေနတ်ကတော့ သူ့အဘိုးရဲ့ လုံခြုံရေးကုမ္ပဏီပိုင်သေနတ် ဖြစ်ပါတယ်။

ဇွန် ၂၃ ရက် နှောင်းပိုင်းမှာတော့ အသက် ၁၅ နှစ်အရွယ် သံသယရှိသူကို ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

အသက် ၁၄ နှစ်အရွယ် သံသယရှိသူကတော့ အသက်မပြည့်သေးတာကြောင့် ဖိလစ်ပိုင်ဥပဒေအရ စွဲချက်တင်လို့ မရသေးပါဘူး။

ဒီကလေးဟာ အွန်လိုင်းအကြောင်းအရာတွေရဲ့ “လွှမ်းမိုးမှုကို အကြီးအကျယ် ခံထားရတယ်” လို့ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013