DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သုံး ဗြိတိန်လေတပ်စခန်းကို ဗုံးခွဲရန် ကြံစည်မှုဖြင့် လူ ၅ ဦးအား ဖမ်းဆီး
DVB
·
September 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်စစ်တပ်အသုံးပြုနေတဲ့ ဗြိတိန် RAF Fairford လေတပ်စခန်းအနီးမှာ ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ ပြစ်မှု၊ အကြမ်းဖက်လုပ်ရပ် ပြင်ဆင်မှု သံသယနဲ့ လူငါးယောက်ကို စက်တင်ဘာ ၂၇ ရက်က ဖမ်းဆီးခဲ့ပါတယ်။

သံသယဖြစ်ဖွယ် ဗင်ကားသုံးစီး လေတပ်စခန်းဘက် ဦးတည်လာတာကို ဒေသခံတယောက်က အရေးပေါ် ဖုန်းဆက် အကြောင်းကြားပြီးနောက် လက်နက်ကိုင်ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကားတွေထဲမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ကိုက်ညီနိုင်တယ်လို့ ကနဦး ယူဆထားပြီး ဗုံးရှင်းလင်းရေးတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေပါတယ်။

အနီးက ဝဲလ်ဖက်ဒ်ရွာမှာ အိမ်ထောင်စု ၈၅ စုကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး ဗင်ကားတွေ ပတ်လည် မီတာ ၄၀၀ အကွာအထိ ပိတ်ဆို့ထားပါတယ်။

ဗြိတိန် အကြမ်းဖက်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဒီဖြစ်ရပ်မှာ အီရန်နဲ့ ဆက်နွှယ်မှုရှိ၊ မရှိ စုံစမ်းနေပြီး ရုရှား ဒါမှမဟုတ် တခြားအကြမ်းဖက်မှုဆိုင်ရာ ဖြစ်နိုင်ခြေတွေကိုလည်း မပယ်ထားသေးပါဘူး။

RAF Fairford စခန်းကို အမေရိကန်က အီရန်ကို တိုက်ခိုက်တဲ့ B-1 နဲ့ B-52 ဗုံးကြဲလေယာဉ်တွေအတွက် အသုံးပြုထားပြီး အီရန်ကလည်း ဒီလိုစခန်းတွေဟာ ပစ်မှတ်ဖြစ်နိုင်တယ်လို့ ဇူလိုင်လကတည်းက သတိပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သံသယရှိသူတွေကို အရင်ကတည်းက အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့ပြီး “သူတို့က အကြီးအကျယ် ပျက်စီးအောင်လုပ်ဖို့ ရည်ရွယ်နေကြတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ ဒေသခံတယောက်ရဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုနောက်မှ ရဲတွေ လှုပ်ရှားခဲ့တာလို့ Guardian က ဖော်ပြထားတာကြောင့် သံသယရှိသူတွေကို အရင်ကတည်းက စောင့်ကြည့်နေခဲ့သလားဆိုတာ မရှင်းသေးပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013