
ယူကရိန်းက ဂျာမနီနိုင်ငံကနေ Iris-T လေကြောင်းရန်ကာကွယ်ရေး လောင်ချာအသစ်တခု ရထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၃၁ ရက်မှာ ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေး ခဲယမ်းမီးကျောက်တွေ ပိုထောက်ပံ့ပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းက မေ ၃၀ ရက်မှာ လောင်ချာကို ရခဲ့တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ဇလန်းစကီးက “လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအတွက် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တွန်းလှန်ဖို့ လုံလောက်တဲ့ စွမ်းရည်တွေ ရှိစေဖို့ ဒုံးကျည်တွေလည်း လိုအပ်တယ်” လို့ တယ်လီဂရမ်မှာ ပြောခဲ့ပါတယ်။
IRIS‑T SLM နဲ့ SLS တို့ဟာ ဥရောပမှာ အဆင့်မြင့်ဆုံး မြေပြင်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေထဲက တခုပါ။
ယူကရိန်းက ရုရှားရဲ့ တိုက်ခိုက်မှုတွေကနေ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ သုံးခဲ့ပါတယ်။
၂၄ ဒသမ ၆ မိုင်လောက် အကွာအဝေးနဲ့ ၃၆၀ ဒီဂရီအပြည့်အဝ လွှမ်းခြုံမှုရှိတဲ့ IRIS‑T SLM ဟာ ဂျာမနီအစိုးရက ယူကရိန်းအစိုးရဆီ ပို့ပေးတဲ့ အလွန်တန်ဖိုးရှိတဲ့ စနစ်တွေထဲက တခု ဖြစ်လာခဲ့ပါတယ်။
အီရန်လုပ် ရှဟိဒ် ဒရုန်းတွေ အပါအဝင် စွမ်းအင်အခြေခံ အဆောက်အအုံနဲ့ လေယာဉ်တွေကို ပစ်မှတ်ထားတဲ့ ခရုဇ်ဒုံးကျည်တွေကို ပစ်ချဖို့ ဒီစနစ်ကို ယူကရိန်းက သုံးခဲ့ပါတယ်။
Source: Reuters










