ဥရောပဘောလုံးအဖွဲ့ချုပ် UEFA အဖွဲ့အစည်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဂျန်နီအင်ဖန်တီနိုကို ဥပဒေကြောင်းအရ အရေးယူဖို့ ခြိမ်းခြောက်နေပါတယ်။
ဒါဟာ ဖီဖာဥက္ကဋ္ဌရာထူးကနေ အင်ဖန်တီနိုကို ဖယ်ရှားဖို့ ကြိုးပမ်းနေတဲ့ လုပ်ဆောင်မှုတွေထဲက အရေးကြီးတဲ့တခု ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ ရှယ်ယာရောင်းချဖို့ ကြိုးပမ်းခဲ့တဲ့ အစီအစဉ် ပျက်ပြားခဲ့ပြီးနောက်ပိုင်း ဒီလို ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာတာပါ။
UEFA က အင်ဖန်တီနိုကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်တွေနဲ့ တရားစွဲဖို့အထိ ခြိမ်းခြောက်နေသလို ရာထူးကနေ ဖယ်ရှားဖို့ ဆက်လက်ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒီကိစ္စဟာ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်တွေကြားမှာ အကြီးအကျယ် ဂယက်ရိုက်ခတ်နေပါတယ်။











