DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် IMF နှင့် ကမ္ဘာ့ဘဏ်ထိပ်သီးအစည်းအဝေးကို ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ 
DVB
·
October 15, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့  ကမ္ဘာ့ဘဏ် ထိပ်သီးအစည်းအဝေးတွေကို ကန့်ကွက်တဲ့အနေနဲ့  အောက်တိုဘာ ၁၅ ရက်က ဘန်ကောက်မြို့မှာ ထိုင်းတက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်နှင့် IMF ကို ဆန့်ကျင်တဲ့ ပြည်သူ့ကွန်ရက်နဲ့ တခြားအဖွဲ့အစည်းတွေက ဆန္ဒပြသူတွေ ဟာ အစည်းအဝေးကျင်းပရာနေရာသို့ ဦးတည်သော လမ်းမကြီးအတိုင်း ချီတက်ခဲ့ကြတာပါ။

အစည်းအဝေးကျင်းပရာနေရာ အနီး ဆန္ဒပြမှုမှာ တင်းမာလာခဲ့ပြီး၊ ဒိုင်တွေ ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့က ခေတ်မီခုံးကျော်တံတားပေါ်ရှိ တက်ကြွလှုပ်ရှားသူတွေကို နောက်သို့ တွန်းထုတ် ခဲ့ပါတယ်။ 

ရဲအရာရှိတွေက ဆန္ဒပြသူတွေကို ဝိုင်းရံထားစဉ် ဆန္ဒပြသူတချို့က လူကူခုံးကျော် တံတား လက်ရန်းပေါ်မှာ စာတန်းချိတ်ဆွဲဖို့ ကြိုးပမ်းခဲ့ကြရာ နှစ်ဖက်စလုံးက စာတန်းကို  အပြန်အလှန် ရှေ့တိုးနောက်ဆုတ် ဆွဲငင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ IMF အုပ်ချုပ်မှုဒါရိုက်တာ ခရစ်စတာလီနာ ဂျေအောဂျီဗာ၊ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်တို့ရဲ့ပုံတူ မျက်နှာဖုံးကို စွပ်ထားကြပြီး၊ တချို့မှာ ကမ္ဘာမြေပုံစံ ရုပ်တုကို ကိုင်ဆောင် ထားပါတယ်။

အသက် ၅၀ အရွယ် တက်ကြွလှုပ်ရှားသူ သုပါဖွန် မလိုင်လွိုင်က ချေးငွေထုတ်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့  ထိုင်းအစိုးရတို့အကြား ဆွေးနွေးပွဲတွေမှာ သာမန်ပြည်သူတွေဟာ အဓိက သက်ဆိုင်သူတွေဖြစ်ပေမဲ့  ဆွေးနွေးပွဲဝိုင်းကနေ ချန်လှပ်ထားခြင်းခံခဲ့ရတယ်လို့ သတင်းထောက် တွေကို ပြောပါတယ်။

"ဒီလို ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို သတ်မှတ်တဲ့နေရာမှာ ကျမတို့ ပါဝင်ခွင့်မရခဲ့ပါဘူး။ ထိုင်းနိုင်ငံက ဆက်တိုက် လက်ခံခဲ့တဲ့ စည်းကမ်းချက်တွေကြောင့် ထိခိုက်ခံစားရသူတွေဟာ ပြည်သူတွေပဲ ဖြစ်ပါတယ်။”

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည် အစည်းအဝေးတွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လုံခြုံရေးကို တင်းကျပ်ပြီး အောက်တိုဘာ ၁၂ ရက်ကနေ ၁၈ ရက်အထိ ကျင်းပနေတာပါ။

ဒီအစည်းအဝေးမှာ ကမ္ဘာ့စီးပွားရေးအခြေအနေကို ဆွေးနွေးဖို့ နိုင်ငံပေါင်း ၁၉၁ နိုင်ငံက ဗဟိုဘဏ်ဥက္ကဋ္ဌတွေ၊ စီးပွားရေးမူဝါဒ ချမှတ်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ခေါင်းဆောင်တွေ အပါအဝင် ပါဝင်တက်ရောက်သူ ၁၅,၀၀၀ ကျော် ရှိပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013