
မြန်မာနိုင်ငံကြီး တည်ရှိနေသရွေ့ ပါတီတည်ရှိရမယ်ဆိုတဲ့ ခံယူချက်နဲ့ အင်အားတောင့်တင်းပြီး ပြည်သူလူထုက မရှိမဖြစ်အားကိုးထိုက်တဲ့ ပါတီဖြစ်အောင်ဆက်လုပ်ကြဖို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက စက်တင်ဘာ ၁၉ ရက် ပါတီခေါင်းဆောင်ရွေးချယ်ပွဲမှာ ပြောဆိုပါတယ်။
ရွေးချယ်လိုက်တဲ့ ပါတီခေါင်းဆောင်သစ်တွေအနေနဲ့ ကိုယ်ပိုင်အကျိုးစီးပွားထက် ပါတီကို ဦးစားပေးဖို့၊ ပါတီအကျိုးထက် တိုင်းပြည်အကျိုးကို ဦးစားပေးဖို့နဲ့ ပါတီအားမပျော့အောင် ကြိုးစားဖို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ပြည်သူအားကိုးတဲ့ မှတပါးအခြားမရှိတဲ့ ပါတီဖြစ်ရမယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။
အရပ်သားအစိုးရဆီကနေ စစ်တပ်က အဓမ္မအာဏာသိမ်းပြီး အစိုးရဖွဲ့ချိန်မှာ ဦးခင်ရီဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဝန်ကြီးအဖြစ် တာဝန်ယူပြီး ၁ နှစ်အကြာ၊ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာတော့ တာဝန်ကနေ အနားယူခဲ့ပါတယ်။
အဲဒီနောက် ၁ လအကြာမှာပဲ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကျန်းမာရေးအကြောင်းပြချက်နဲ့ တာဝန်တွေ အချိန်ပြည့်မထမ်းဆောင်နိုင်တာကြောင့်လို့ဆိုပြီး ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။
လက်ရှိမှာတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ စစ်အာဏာရှင် သတ်မှတ်ထားတဲ့ နိုင်ငံတော် အင်္ဂါစဉ်အရ နံပါတ် ၄ မှာရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပါတယ်။











