
ကော့စတာရီကာ အာဏာပိုင်တွေနဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (DEA) ရဲ့ ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါး မှောင်ခိုမှု စွဲချက်တွေနဲ့ မက္ကဆီကိုနိုင်ငံသား ၃ ယောက်ကို အောက်တိုဘာ ၁၆ ရက်မှာ ကော့စတာရီကာကနေ အမေရိကန်ပြည်ထောင်စုဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီအမျိုးသား ၃ ယောက်ဟာ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ပွန်တာရီနပ်စ်ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှာ “My Lissa Too” လို့ခေါ်တဲ့ ဈေးအကြီးဆုံး၊ ဇိမ်ခံ၊ အဆင့်မြင့်၊ တန်ဖိုးကြီး ရွက်လှေပေါ်မှာ ကိုကင်း ၈၄၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအမျိုးသားတွေဟာ ဆီနာလိုအာ မူးယစ်ဂိုဏ်းနဲ့ဆက်နွှယ်နေပြီး သူတို့ရဲ့ ဖမ်းဆီးမှုဟာ ကော့စတာရီကာ PC ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နဲ့ DEA တို့ ပူးပေါင်းဆောင်ရွက်မှု ရလဒ်တခုပဲဖြစ်တယ်လို့ ကော့စတာရီကာ ပြည်ထဲရေး ဒုတိယဝန်ကြီး အိုမာဘာဒီယိုက ပြောပါတယ်။
သူတို့ ၃ ယောက်ကို အမေရိကန်ပြည်ထောင်စုထဲကို ကိုကင်းတွေ သယ်ဆောင်သွင်းဖို့ ကြံစည်မှုနဲ့ စွပ်စွဲခံထားရပြီး ဝစ်စ်ကွန်ဆင် ဖက်ဒရယ်တရားရုံးမှာ တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။
Source:Reuters











