DVB Logo
Home
အားကစား
စပါးကွင်းလယ်လူ ဇာဗီဆိုင်မွန် ဟားဗတ် စီးပွားရေးသင်တန်း တက်နေ
DVB
·
October 9, 2026
Photo: REUTERS/Piroschka Van De Wouw
Photo: REUTERS/Piroschka Van De Wouw
Donate to DVB

တော့တင်ဟမ် ကွင်းလယ်လူ ဇာဗီဆိုင်မွန်ဟာ ဒူးဒဏ်ရာကြောင့် အနားယူနေရစဉ် ကာလအတွင်း အမေရိကန်နိုင်ငံရှိ နာမည်ကြီး ဟားဗတ်တက္ကသိုလ်ရဲ့ အားကစားသမားတွေအတွက် သီးသန့် ဖွင့်လှစ်တဲ့ စီးပွားရေးသင်တန်းကို တက်ရောက်နေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ် နယ်သာလန်ကွင်းလယ်လူ ဆိုင်မွန်ဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ဘောလုံးကွင်းထဲ ပြန်ဝင်နိုင်ဖို့က ပထမဦးစားပေး ဖြစ်ပေမဲ့ အနားယူနေချိန်မှာ အားကစား စီးပွားရေးပိုင်းကို လေ့လာပြီး မိမိကိုယ်ကို မြှင့်တင်ချင်လို့ ဖြစ်တယ်လို့ သူ့ရဲ့ LinkedIn စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီသင်တန်းဟာ ကြေးစား အားကစားသမားတွေကို စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့ ဟားဗတ်ကျောင်းသားတွေနဲ့ တွဲဖက် သင်ကြားပေးတာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013