
တော့တင်ဟမ်အသင်းနဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချာလီဆန်တို့ဟာ ကျန်ရှိနေတဲ့ ၉ လ သက်တမ်းရှိ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲနေပါတယ်။
အသက် ၂၉ နှစ်အရွယ် ရစ်ချာလီဆန်ဟာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ ပျက်သွားခဲ့ပြီးနောက် အသင်းကနေ အလွတ်ထွက်ခွာခွင့်ရဖို့ ကြိုးပမ်းနေတာဖြစ်ပေမဲ့ တော့တင်ဟမ်ဘက်ကတော့ ဒီအစီအစဉ်ကို လက်မခံပါဘူး။
တော့တင်ဟမ်ဘက်က ပေါင် ၃၅ သန်း ရရှိမဲ့ အဲဗာတန်ဆီ ပြောင်းရွှေ့ရေး ပျက်ခဲ့ပြီးနောက် ရစ်ချာလီဆန်ကို ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဘရာဇီးကလပ် ဗာစကိုဒဂါးမားအသင်းက ရစ်ချာလီဆန်ကို ခေါ်ယူချင်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း မွေးရပ်မြေဆီ ပြန်လိုနေတယ်လို့ သိရပါတယ်။
Photo:Reuters











