
ရစ်ချာလီဆင်ကို ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်ခဲ့တာဟာ မိမိရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး လို့ စပါးနည်းပြ ဒီဇာဘီက ပြောကြားလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာချင်ကြောင်း နဂိုကတည်းက ပြောဆိုထားခဲ့တာပါ။
စပါးအသင်းဟာ မာမွတ်ရှ်၊ဆာဗင်ဟိုနဲ့ မူဒရစ်တို့ကို တိုက်စစ်ပိုင်းအတွက် အစားထိုး ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါကြောင့် အသင်းမှာ ဆက်မနေချင်တဲ့ ကစားသမားကို လူစာရင်းမှာ ထည့်သွင်းထားစရာ အကြောင်းမရှိဘူးလို့ ဒီဇာဘီက ဆိုပါတယ်။
ရစ်ချာလီဆင်အနေနဲ့ တူရကီ သို့မဟုတ် ဆော်ဒီ ကလပ်တခုခုဆီ အပြောင်းအရွှေ့ ဖြစ်ပေါ်မလာပါက အခုရာသီ ပထမဝက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာလည်း ပါဝင်ကစားခွင့် ရတော့မှာ မဟုတ်ပါဘူး။
Photo:Reuters











