စပါးအသင်းဟာ တိုက်စစ်မှူး ရစ်ချာလီဆန်ကို အခုရာသီ ပထမဝက် ပရီးမီးယားလိဂ် လူစာရင်းကနေ ချန်လှပ်လိုက်ပြီ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘရာဇီး တိုက်စစ်မှူးဟာ အသင်းကနေ ထွက်ခွာချင်နေကြောင်း နည်းပြ ဒီဇာဘီကို အသိပေးထားခဲ့သူပါ။
ပြောင်းရွှေ့ကြေး ပိတ်ရက်မတိုင်မီ အဲဗာတန်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။
စပါးအသင်းဟာ မန်စီးတီးမှ တိုက်စစ်မှူး မာမွတ်ရှ်ကို အငှားနဲ့ ခေါ်ယူထားတာကြောင့် ရစ်ချာလီဆန်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အပြောင်းအရွှေ့စျေးကွက် မပိတ်သေးတဲ့ တူရကီ ဒါမှမဟုတ် ဆော်ဒီကလပ်တခုခုဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။











