
လိဒ်စ်ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ စပါးတိုက်စစ်မှူး တဲလ်ကို လိဒ်စ်နောက်ခံလူ ဘိုဂယ်က အကြမ်းပတမ်း ဖျက်ထုတ်ခဲ့ပေမဲ့ အနီကတ်မပြခဲ့လို့ တာဝန်ရှိသူတွေထံ တရားဝင် တိုင်ကြားစာပေးပို့ဖို့ စပါးအသင်းက ပြင်ဆင်နေပါတယ်။
VAR က အချိန်အတော်ကြာ စစ်ဆေးခဲ့ပေမဲ့ ဒိုင်လူကြီး ဂျွန်ဘရုခ်စ်ကို ကွင်းဘေး မော်နီတာ သွားကြည့်ဖို့ ညွှန်းဆိုခြင်း မရှိခဲ့ပါဘူး။
ဖျက်ထုတ်ခံလိုက်ရတဲ့ တဲလ်ဟာ ၄၃ မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး လိဒ်စ်က နိုအယ် အိုကာဖိုးရဲ့ ဂိုးနဲ့ အနိုင်ရသွားခဲ့တာပါ။
စပါးအနေနဲ့ ပြီးခဲ့တဲ့အပတ်က ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး မာတေတာကို သူတို့ နောက်ခံလူ ဗန်ဒီဗန်ကို ဖျက်ထုတ်မှုအတွက် VAR စစ်ပြီး အနီကတ် တိုက်ရိုက်ပြခဲ့တာကို သာဓကထားပြီး ဒိုင်အဖွဲ့ (Pro Ref) ထံ တိုင်ကြားသွားမှာလို့လည်း သိရပါတယ်။











