ဝုဗ်နဲ့ပွဲမှာ ဒူးဒဏ်ရာရသွားတဲ့ ကြယ်ပွင့် စပါးကစားသမား ဇာဗီဆိုင်မွန်ဟာ ဒီရာသီ လက်ကျန်ပွဲစဉ်တွေ အားလုံးကို လွဲချော်တော့မှာဖြစ်သလို လာမဲ့နွေရာသီမှာ ကစားမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုပါ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဆိုင်မွန် ကိုယ်တိုင်ကလည်း “နှလုံးကွဲရသလို ခံစားရတယ်” ဆိုပြီး သူ့ရဲ့ အင်စတာဂရမ်မှာ စိတ်မကောင်းစွာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။
တန်းဆင်းဇုန်က လွတ်မြောက်ဖို့ ရုန်းကန်နေရတဲ့ စပါးအတွက် အဓိက ကစားသမားတယောက်ကို အခုလို အရေးကြီးတဲ့ အချိန်မှာ ဆုံးရှုံးလိုက်ရတာဟာ တကယ့်ကို စိုးရိမ်စရာပါ။
စပါးအသင်းက အဆင့် ၁၈ မှာပဲ ရှိနေသေးတာကြောင့် ဇာဗီဆိုင်မွန် မပါဘဲ ကျန်ရှိတဲ့ ပွဲစဉ် ၄ ပွဲကို အသည်းအသန် ကစားသွားရတော့မှာ ဖြစ်ပါတယ်။










