
ITV ရဲ့ ကမ္ဘာ့ဖလားထုတ်လွှင့်ရေးအဖွဲ့ဟာ နယူးယောက်မြို့ ဘရွတ်ကလင်မှာရှိတဲ့ အပြင်ဘက် စတူဒီယိုကနေ ရုတ်တရက် ရွှေ့ပြောင်းခဲ့ရပါတယ်။
အစီအစဉ်တင်ဆက်သူ လော်ရာဝုဒ်နဲ့ အဖွဲ့သားတွေဟာ ပြင်းထန်တဲ့လေတိုက်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ ရတာပါ။ ဒီစတူဒီယိုကို ကမ္ဘာ့ဖလားအတွက် အထူးပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ လေပြင်းကြောင့် ဆွစ်ဇာလန်နဲ့ ဘော့စနီးယားပွဲကို ထုတ်လွှင့်နေတဲ့အဖွဲ့ဟာ ယာယီ စတူဒီယို တခုဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။
အစီအစဉ်တင်ဆက်သူ လော်ရာဝုဒ်ကတော့ ခက်ခဲတဲ့အခြေအနေကြားကနေ အစီအစဉ်ကို ဆက်လက်တင်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီအဖွဲ့မှာ မန်ယူကစားသမားဟောင်း ဟွန်မာတာ၊ အာဆင်နယ်ဂန္ထဝင် ဗီအဲရာတို့လို ဘောလုံး ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် အားလုံးရဲ့ အဝတ်အစားနဲ့ ဆံပင်တွေ ရှုပ်ပွနေတာကို တိုက်ရိုက် ထုတ်လွှင့်မှုမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။ ရွိင်ကိန်းနဲ့ အီယန်ရိုက်တို့ကတော့ ဒီစတူဒီယို တည်နေရာကို ချီးကျူးခဲ့ကြပါတယ်။
Photo: Reuters










