
ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်၊ မိုရေဖှီးလ်မြို့မှာ အောက်တိုဘာ ၂၂ ရက်က ရေကြီးရေလျှံ နေချိန် ရေစီးနဲ့အတူ နစ်မြုပ်မျောပါသွားတဲ့ ကားတစီးထဲက အမျိုးသားတယောက်ကို ရုပ်သံ သတင်းထောက် တယောက်နဲ့ အနီးအနားရှိ လမ်းသွားလမ်းလာ တယောက်တို့က ကယ်ဆယ်ခဲ့ ကြတယ်လို့ ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဩစတြေးလျ အမျိုးသားရုပ်သံလိုင်း (ABC) ရဲ့ သတင်းထောက် ဝီလ်မာရေးဟာ ကွင်းစလန်း ပြည်နယ်၊ ဘရစ္စဘိန်းမြို့မြောက်ဘက်မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုအကြောင်း သတင်းရယူ နေချိန်မှာ အမျိုးသားတယောက်ဟာ ၄ ဘီးယက် ကားတစီးကို ရေပြင်အလယ်ထဲ မောင်းဝင် လာခဲ့တာပါ။ အဲဒီနောက် ကားစက်ရပ်သွားပြီး စတင်နစ်မြုပ်ခဲ့တယ်လို့ ABC က ဆိုပါတယ်။
ဝီလ်မာရေးနဲ့ လမ်းသွားလမ်းလာ အမျိုးသားတို့ဟာ ရေကူးသွားပြီး ကားတစီးလုံး ရေအောက် မမြုပ်မီ စက္ကန့်ပိုင်းအလိုမှာပဲ ယာဉ်မောင်းကို ကားထဲကနေ ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ မိုရေးဖီးလ်မြို့မှာတော့ မိုးရေချိန် ၁၇၀ မီလီမီတာ (၆ ဒသမ ၇ လက်မ) နီးပါး ရွာသွန်းခဲ့တယ်လို့လည်း ABC သတင်းမှာ ဖော်ပြထားပါတယ်။
Source:Reuters











