
မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ရိုးမားအသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ မီဒီယာရှေ့ ပြန်လည်ထွက်ပြလာခဲ့တယ်။
ဒီနိုင်ပွဲဟာ မိုက်ကယ်ကာရစ်ရဲ့ ရာထူးကို ကာကွယ်လိုက်တာလား ဆိုတဲ့မေးခွန်းအပေါ် သူတို့အနေနဲ့ ဘယ်သူ့ရဲ့ ရာထူးကိုမှ ကာကွယ်ပေးဖို့ လိုအပ်နေခြင်းမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။
ဒ့ါအပြင် ဖာနန်ဒက်စ်က မီဒီယာတွေမှာ ထွက်ပေါ်နေတဲ့ သတင်းအများစုဟာ မမှန်ကန်ကြောင်း လည်း ပြောပါတယ်။
နည်းပြကို ဝေဖန်ခဲ့လို့ ဘုန်းမောက်နဲ့ပွဲမှာ အရန်ခုံထိုင်ရတာမဟုတ်ပဲ ခြေစွမ်းမပြနိုင်လို့သာ အနားပေးခံခဲ့ရတာလို့ ဆိုပါတယ်။
သူ့အနေနဲ့ နည်းပြနဲ့ အသင်းဖော်တွေအပေါ် ထားရှိတဲ့ ယုံကြည်မှုဟာ ဘာမှ ပြောင်းလဲသွားတာ မရှိဘူးလိုလည်း ဖြည့်စွက်ပြောပါတယ်။
Photo:Reuters











