မန်ချက်စတာယူနိုက်တက် နည်းပြ ကာရစ်ဟာ ၉ ပွဲဆက် နိုင်ပွဲပျောက်နေပေမဲ့ မနက်ဖြန်မနက် ရိုးမားအသင်းနဲ့ ကစားရမဲ့ ချန်ပီယံလိဂ်ပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။
မန်ယူဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၇ ရောက်နေသလို ချန်ပီယံလိဂ်မှာလည်း အဆင့် ၂၁ နေရာထိ ကျဆင်းနေတာ ဖြစ်ပါတယ်။
ဒီရလဒ်ဆိုးတွေကြားက ရိုးမားနဲ့ပွဲဟာ အသင်းအခြေအနေကို ပြောင်းလဲပစ်နိုင်မဲ့ အခွင့်အရေးလို့ ကာရစ်က ရှုမြင်ထားပါတယ်။
ကာရစ်ကတော့ သူ့ရဲ့အယူအဆကြောင့် ရူးသွပ်နေတယ်လို့ ထင်နိုင်ပေမဲ့ ပွဲစဉ်ကို အမှန်တကယ် မျှော်လင့်နေကြောင်း ဆိုပါတယ်။
အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူ မိန်နူးကလည်း ရလဒ်တွေ ဆိုးရွားနေတာကို ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ပွဲတပွဲ ရလိုက်တာနဲ့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ မိန်နူးက ဖြည့်စွက် ပြောသွားတာ ဖြစ်ပါတယ်။











