
အမေရိကန်ရဲ့ တိုင်ဖွန်းဒုံးကျည်စနစ်တွေကို ဂျပန်မှာ တပ်ချထားတာက စစ်ရေးလေ့ကျင့်မှုအတွက် ဆိုရင်တောင် ရုရှားအတွက် လက်မခံနိုင်စရာဖြစ်ပြီး လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခု ဖြစ်တယ် လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
ငြိမ်းချမ်းရေးမူဝါဒကို ပြန်သုံးဖို့ ရုရှားက ဂျပန်ကို တောင်းဆိုနေတယ်လို့ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဇွန်လမှာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲလေ့ကျင့်ဖို့ ကာဂိုရှီးမားစီရင်စုဆီ သူ့ရဲ့အစွမ်းထက်တဲ့ တိုင်ဖွန်း တာလတ်ပစ် ဒုံးကျည်စနစ်ကို ပေးပို့ခဲ့တယ်လို့ ဂျပန်တိုင်းမ်စ်သတင်းစာက အဲဒီအချိန်က ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီနောက် အခုလမှာ လုပ်မဲ့ ပူးတွဲလေ့ကျင့်မှုမှာ ပါဝင်ဖို့ စီစဉ်ထားပြီး အောက်တိုဘာလလယ် လောက်ကစလို့ ဂျပန်နိုင်ငံက အမေရိကန် စစ်စခန်းကို ရွှေ့ပြောင်းမယ်လို့ ဂျပန်တိုင်းမစ် သတင်းဌာနက ပြောပါတယ်။
Source:Reuters











