DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာ၊ အောင်ချက် ၅၂ ရာခိုင်နှုန်းကျော်ရှိ
DVB
·
June 28, 2026
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာ၊ အောင်ချက် ၅၂ ရာခိုင်နှုန်းကျော်ရှိ
1 / 6
Photo : MRTV
Donate to DVB

စစ်အာဏာရှင်လက်ထက်ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စာပေးပွဲအောင်မြင်သူ ၁၃၀,၀၀၀ ကျော်ရှိပြီး အောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒီကနေ့ ဇွန် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၅,၂၂၈ ယောက် ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် စာရင်းတွေအရ မန္တလေးတိုင်းက အောင်ချက် ၆၂ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး၊ မကွေးတိုင်းက ၅၈ ရာခိုင်နှုန်းကျော်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

အောင်ချက်အနည်းဆုံးဒေသကတော့ ချင်းပြည်နယ်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ၈၄၃ ဦးအနက် ၁၆၁ ယောက်ပဲ အောင်မြင်လို့ အောင်ချက် ၁၉ ဒသမ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်စာမေးပွဲကို ကယားပြည်နယ်က ၄၇၁ ယောက်၊ ရခိုင်ပြည်နယ်က ၁၆၉၂ ယောက်နဲ့ အနည်းဆုံး ဖြေဆိုခဲ့ကြတာပါ။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းထောင်တွင်းကနေ ဝင်ရောက်ဖြေဆိုခဲ့ကြတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၃၆ ယောက်စလုံး ရာနှုန်းပြည့် အောင်မြင်ခဲ့ကြပြီး ၃ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၂ ဘာသာဂုဏ်ထူးရှင် ၁ ယောက်၊ ၁ ဘာသာဂုဏ်ထူးရှင် ၅ ယောက် ပါတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကိုလည်း ဒီနေ့ထုတ်ပြန်လာပြီး ၃၃၆၄ ယောက် ဖြေဆိုတာမှာ ၁၆၇၂ ယောက် အောင်မြင်တာကို တွေ့ရပါတယ်။

Photo : MRTV

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013