DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ  ဇွန် ၂၈ ရက်ထုတ်ပြန်မည်
DVB
·
June 25, 2026
တောင်ဥက္ကလာပမြို့နယ် အထက ကျောင်းတကျောင်း၌ အောင်စာရင်းကြေညာထားစဉ်။ Photo: DVB
တောင်ဥက္ကလာပမြို့နယ် အထက ကျောင်းတကျောင်း၌ အောင်စာရင်းကြေညာထားစဉ်။ Photo: DVB
Donate to DVB

ပြီးခဲ့တဲ့ မတ်လက ဖြေဆိုခဲ့ကြတဲ့ ၂ဝ၂၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို လာမဲ့ ဇွန် ၂၈ ရက် တနင်္ဂနွေနေ့မှာ ကြေညာမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စာမေးပွဲ ၂ ခုလုံးရဲ့ အောင်စာရင်းတွေကို အဲဒီနေ့ မနက် ၄ နာရီမှာ စာစစ်ဦးစီးဌာရဲ့ result.dme.gov.mm မှာ ခုံနံပါတ်နဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို www.myanmarexam.org မှာလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ပြီးတော့ မြို့နယ်တွေမှာရှိတဲ့ သက်ဆိုင်ရာစာစစ်ဌာနကျောင်းတွေမှာလည်း ကပ်ထားမှာဖြစ်ပြီး မနက် ၆ နာရီမှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မတ် ၁၁ ရက်ကနေ ၁၇ ရက်အထိ စစ်အာဏာရှင်ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ကျောင်းသား ကျောင်းသူပေါင်း ၂၆၅,၀၀၀ ကျော် ဖြေဆိုဖို့ စာရင်းသွင်းထားခဲ့ပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲရဲ့ အောင်စာရင်းကိုတော့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အောင်ချက် ၄၈ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013