DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းမှဝင်ကြည့်သူ ၂ သိန်းကျော်ရှိ 
DVB
·
June 28, 2026
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းမှဝင်ကြည့်သူ ၂ သိန်းကျော်ရှိ 
Donate to DVB

ဇွန် ၂၈ ရက် ဒီနေ့ထုတ်ပြန်တဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို အွန်လိုင်းကနေ လူပေါင်း ၂ သိန်းကျော် ဝင်ကြည့်ခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောင်စာရင်းကို အွန်လိုင်းကနေ မနက် ၄ နာရီမှာ စတင်ကြည့်ခွင့်ပေးမယ်ဆိုပေမဲ့ စောကြည့်လို့ရခဲ့ကြပြီး ပထမ နာရီဝက်အတွင်း ကြည့်ရှုသူ ၁၀၀,၄၅၆ ယောက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဝင်ကြည့်သူ ၂၂၀,၀၀၀ ကျော်အထိ ဖြစ်လာတာကို  တွေ့ရပါတယ်။

ကြည့်ရှုသူတွေရဲ့ တည်နေရာကို မြေပုံမှာလည်း ဖော်ပြထားတာကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းဝန်းကျင်တို့ကပဲ အများဆုံးကြည့်ရှုတာကို တွေ့ရပြီး ကချင်နဲ့ ရှမ်းပြည်နယ်က ကြည့်ရှုသူ နည်းနည်းပဲ ရှိတာကို တွေ့ရပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့က ကြည့်ရှုသူမရှိတာကို တွေ့ရပြီး ဒါဟာ စိတ်ဝင်စားမှုမရှိတာနဲ့ စစ်အာဏာရှင်က အင်တာနက်ပိတ်ဆို့ထားတာကို ထင်ထင်ရှားရှား တွေ့ရတာ ဖြစ်ပါတယ်။

ပြီးတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့သတင်းမှာလည်း အောင်စာရင်းကြည့်နေကြတာကို ထုတ်ပြန်တာမှာ လာရောက်ကြည့်ရှုသူ မရှိသလောက်ဖြစ်တာကို တွေ့ရပါတယ်။

ထုတ်ပြန်လာတဲ့ပုံတွေအရ လာကြည့်တဲ့သူတွေမှာလည်း ကျောင်းသူကျောင်းသားတွေထက် မိဘအရွယ်တွေ ပိုများနေတာကို တွေ့ရပါတယ်။

ခေတ်ကောင်းတုန်းက အောင်စာရင်းထွက်တဲ့အခါ ဖြေဆိုထားတဲ့ ကျောင်းသူ ကျောင်းသားတွေ အပါအဝင် မိဘ ဆရာတွေ၊ သက်ဆိုင်ပတ်သက်သူ ဆွေမျိုးတွေပါ အားတက်သရော ကြည့်ရှုလေ့ရှိကြတာကြောင့် ဒီနေ့အောင်စာရင်းကို ကြည့်ရှုနှုန်းနဲ့ စိတ်ဝင်စားမှုနှုန်းဟာ အခြေခံပညာအဆင့် အောင်စာရင်းလောက်တောင် မစည်ကားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013