DVB Logo
Home
မြန်မာသတင်း
MNDAA သိမ်းထားသည့် TLEC ၏ ဆန်အိတ်များ ပြန်ပေး
DVB
·
April 4, 2026
MNDAA သိမ်းထားသည့် TLEC ၏ ဆန်အိတ်များ ပြန်ပေး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တွေရဲ့ ပဋိပက္ခအတွင်း ကိုးကန့်တပ် (MNDAA) က သိမ်းခဲ့တဲ့ တအာင်းပညာရေးကောင်စီ(TLEC)ဝန်ထမ်းတွေရဲ့ ဆန်အိတ်တွေကို ပြန်ပေး လိုက်ပြီလို့ MNDAA စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

MNDAA နဲ့ TNLA တို့ရဲ့ ပဋိပက္ခအတွင်း မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်က TNLA ရုံးမှာ သိမ်းဆည်းထားတဲ့ TLEC ပညာရေးဝန်ထမ်းတွေရဲ့ ဆန်အိတ်တွေကို မနေ့ ဧပြီ ၃ ရက်က ပြန်ပေးလိုက်တာလို့ ဆိုပါတယ်။

MNDAA စစ်ရေးသတင်းရင်းမြစ်က “အဲဒီဆန်တွေက TLEC ဝန်ထမ်းတွေကို ဂျပန်ကနေ လှူထား ပေးတာ။ TNLA က ပေးထားတာမဟုတ်ဘူး။ TLEC ရဲ့ကျောင်းမှာမထားဘဲ TNLA ဂိုဒေါင် ထဲမှာ သွားထားတာ။ အဲဒါကြောင့် MNDAA ကလည်း TNLA ပိုင်တာဆိုပြီး သိမ်းလိုက်တာ။ TLEC ပိုင်တာ မှန်းသိတော့ ခေါ်ပြီး ပြန်ပေးလိုက်တာ” လို့ DVB ကို ပြောပါတယ်။

TLEC ဆရာ၊ ဆရာမ ၆၈ ဦးရဲ့ ဆန်အိတ် ၂၇၂ အိတ်ကို ပြန်ပေးလိုက်တာဖြစ်ပြီး TLEC ကျောင်း တွေကိုတော့ ပြန်ဖွင့်ခွင့်ပေးထားတာမရှိသေးဘူးလို့ ဆိုပါတယ်။

“ရုံးပြန်ဖွင့်ခွင့်ပေးတာမဟုတ်ဘူး။ TLEC က ဆရာမတွေရှိနေသေးလို့ ဆန်အိတ်တွေပြန်ပေးတဲ့ သဘောပါ။ တိုက်ပွဲဖြစ်နေချိန်ဆိုတော့ TNLA ဂိုဒေါင်ထဲမှာတွေ့လို့ သိမ်းလိုက်တဲ့သဘော။ အခု တော့ ဆရာ၊ ဆရာမတွေတော့ လာယူတယ်” လို့ ဆက်ပြောပါတယ်။

လက်ရှိမှာတော့ MNDAA ဟာ ကွတ်ခိုင်မြို့ကို ထိန်းချုပ်ထားပြီး မူဆယ် ၁၀၅ မိုင်မှာလည်း TNLA အလံကို ပြန်ထောင်ပေးလိုက်ပေမဲ့ TNLA အုပ်ချုပ်မှု မရှိတော့ဘဲ AA နဲ့ ပူးတွဲ အုပ်ချုပ် နေတာဖြစ်ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးကြပြီးနောက်မှာ TNLA တပ်သားတွေနဲ့ လက်နက်ခဲယမ်းတွေ ကိုလည်း MNDAA ဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013