
အမေရိကန်ဘောလုံး NFL ဂန္ထဝင်ကစားသမား တော်မ်ဘရေဒီဟာ နယူးဂျာစီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲ ဘရာဇီးနဲ့ မော်ရိုကိုပွဲကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
မက်လိုက်ဖ်ကွင်းမှာ ကျင်းပတဲ့ ဒီပွဲမှာ ဘရေဒီဟာ ဘရာဇီးစူပါစတား နေမာအပြင် ရက်ပ်ပါ ထရက်ဗစ်စကော့တို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။
သူဟာ VIP အနေနဲ့ ဘေးစည်းနားကနေ ပွဲမစခင် လာရောက်အားပေးခဲ့တာ ဖြစ်ပါတယ်။ ဘရေဒီဟာ အရင်ကလည်း ကမ္ဘာ့ဖလားပွဲ မဲနှိုက်ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။
ဘရေဒီဟာ သူ့ရဲ့ ၁၃ နှစ်အရွယ်သမီး ဗီဗီယန်နဲ့ အတူ ဘရာဇီးအသင်းဂျာစီကို ဝတ်ပြီး ပွဲကြည့်စင်မှာ ကြည့်ရှုခဲ့ပါတယ်။
ဘရေဒီဟာ ၂၀၂၃ သြဂုတ်လကတည်းက အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းမှာ ရှယ်ယာပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Photo: Reuters










