
ပေါ်တူဂီအသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ကွယ်လွန်သွားတဲ့ လီဗာပူးကြယ်ပွင့်ဟောင်း ဒီယိုဂို ဂျိုတာကို ဂုဏ်ပြုခဲ့တာကြောင့် သူ့ရဲ့မိဘတွေ ပွဲကြည့်စင်ပေါ်မှာ စိတ်ထိခိုက်ခဲ့ကြပါတယ်။
ဂျိုတာနဲ့ သူ့အစ်ကို အန်ဒရေဆေးလ်ဗားတို့ဟာ ပြီးခဲ့တဲ့နှစ်က ကားမတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ တာပါ။
ပေါ်တူဂီအသင်းဟာ ဒီအာရ်ကွန်ဂိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျိုတာရဲ့မိဘတွေဖြစ်တဲ့ အီဆာဘယ်နဲ့ ဂျိုအာကင်ဆေးလ်ဗားတို့ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သီချင်းဆိုချိန်မှာ ကွင်းအတွင်းရှိ စခရင်တွေပေါ်မှာ ဂျိုတာရဲ့ပုံကို ပြသခဲ့ချိန်မှာ သူ့မိဘတွေကတော့ မျက်ရည်ကျခဲ့တာ တွေ့ရ ပါတယ်။
ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်က ဂျိုတာကို အသင်းရဲ့ ဂုဏ်ထူးဆောင်အဖွဲဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ပေါ်တူဂီ ကစားသမားအားလုံးကလည်း ဝန်ကြီးချုပ် လူးဝစ် မွန်တီနီဂရိုပေးတဲ့ ဂျိုတာရဲ့နာမည်ပါ လက်ပတ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။
ပွဲစပြီး ၆ မိနစ်မှာ ဂိုးသွင်းခဲ့တဲ့ ဂျာအို နေးဗက်စ်ကလည်း ကောင်းကင်ကို လက်ညှိးထိုးပြီး ဂျိုတာကို ဂုဏ်ပြုခဲ့တာပါ။
ဂျိုတာဟာ ပေါ်တူဂီအတွက် ၄၉ ပွဲကစားခဲ့ပြီး လီဗာပူးလ်အတွက်လည်း ၁၂၃ ပွဲမှာ ၄၇ ဂိုးသွင်း ယူ ခဲ့ဖူးပါတယ်။
ပေါ်တူဂီအသင်းကတော့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ဘဲ ဒီအာရ်ကွန်ဂိုအသင်းနဲ့ တဖက် ၁ ဂိုးစီ သရေကျသွားပါတယ်။
Photo:Reuters










