
အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (H) နောက်ဆုံးပွဲစဉ်မှာ ဆော်ဒီအာရေဗျအသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် ကိတ်ဗာဒီအသင်းဟာ အုပ်စုက နောက်တဆင့် ရှုံးထွင့်အဆင့်ကို တက်သွားပြီဖြစ်ပါတယ်။
လူ ၅ သိန်းပဲရှိတဲ့ ကျွန်းနိုင်ငံလေး ကိတ်ဗာဒီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပေမဲ့ အုပ်စုတွင်းက စပိန်နဲ့ ဥရုဂွေးလို အသင်းကြီးတွေကိုလည်း သရေကစား နိုင်ခဲ့ပါတယ်။
ဒီသရေရလဒ်တွေနဲ့အတူ ကိတ်ဗာဒီအသင်းဟာ ထိပ်ဆုံးက စပိန်အသင်းရဲ့နောက် အုပ်စု ဒုတိယ နေရာနဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ကို အောင်မြင်စွာ တက်ရောက်သွားနိုင်ခဲ့တာပါ။
ရှုံးထွက်အဆင့်မှာတော့ ကိတ်ဗာဒီအသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ဇူလိုင် ၃ ရက် သောကြာနေ့ ညမှာ မိုင်ယာမီမြို့မှာ ဆက်လက်ယှဉ်ပြိုင်သွားရမယ်လို့ ပွဲစဉ်မှတ်တမ်းတွေအရ သိရပါတယ်။
Photo: Reuters











