DVB Logo
Home
မြန်မာသတင်း
ပတ္တယားကမ်းခြေ အပန်းဖြေစခန်းတွင် မြန်မာအပါ တရားမဝင် အလုပ်သမား ၁၁ ဦး ဖမ်းဆီးခံရ 
DVB
·
July 21, 2026
Photo:ထိုင်းအလုပ်သမားဝန်ကြီးဌာန လူမှုကွန်ရက်
Photo:ထိုင်းအလုပ်သမားဝန်ကြီးဌာန လူမှုကွန်ရက်
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေနဲ့မညီတဲ့ ရွှေ့ပြောင်းအလုပ်သမားနဲ့ နိုင်ငံခြားသား စစ်ဆေးနှိမ်နင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာမှာ ဇူလိုင် ၂၀ ရက် မနက်စောစောက ချွန်းပူးရီးခရိုင် ပတ္တယား ကမ်းခြေဒေသရှိ အပန်းဖြေစခန်းတခုကို ဝင်ရောက်စစ်ဆေးပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၁ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ချွန်းပူးရီးခရိုင်အလုပ်သမားရုံး၊ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၁၉  ညသန်းခေါင်ကျော်  ၀၀ နာရီ ၃၀ မိနစ်  ( ၂၀ ရက်သို့ ကူးပြောင်းချိန်) က ပတ္တယားမြို့ Walking Street လမ်းပေါ်ရှိ အာရှတိုက်သားတွေကို အဓိကဝန်ဆောင်မှုပေးနေတဲ့ The Nashaa Club အပန်းဖြေစခန်း ဖျော်ဖြေရေးဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ 

အဆိုပါနေရာမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားအလုပ်သမား စုစုပေါင်း ၈၁ ယောက်ရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၅၃ ယောက်၊ အိန္ဒိယနိုင်ငံသား ၂၃ ယောက်၊ ဥဇဘက်ကစ္စတန် ၄ ယောက်နဲ့ ပါကစ္စတန် ၁ ယောက်တို့  ပါဝင်တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အလုပ်လုပ်ခွင့် အထောက်အထားတွေစစ်ဆေးရာမှာ အလုပ်သမားကတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသူ  မြန်မာ ၄ ယောက်နဲ့ အိန္ဒိယ ၇ ယောက်တို့ကို တွေ့ရှိခဲ့တာကြောင့် ဥပဒေ အရဆက်လက်အရေးယူဖို့ ပတ္တယားမြို့နယ်ရဲစခန်းကနေ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ထံ လွှဲပြောင်း ပေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဒီစစ်ဆေးဖမ်းဆီးမှုဟာ အလုပ်သမားဝန်ကြီးဌာန တရားမဝင်လုပ်သားများ ကာကွယ် နှိမ်နင်း‌ရေး လုပ်ငန်းအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်ကနေ ပြုလုပ်တာဖြစ်ပြီး တရားမဝင် လုပ်သား ခန့်ထားမှုကို အလေးထားနှိမ်နင်းဖို့၊ ထိုင်းလုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ကာကွယ်ပေးဖို့၊ ဥပဒေနဲ့အညီ တရားမျှတတဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့စတဲ့ အလုပ်သမား ဝန်ကြီးက ချမှတ်ထားတဲ့ မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်တာလို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။  

Source: ထိုင်းအလုပ်သမားဝန်ကြီးဌာန လူမှုကွန်ရက် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013