DVB Logo
Home
နိုင်ငံတကာ
တက္ကဆက်ပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျပြီး အမေရိကန်စစ်သား ၂ ဦး သေဆုံး
DVB
·
August 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ လယ်ကွင်းတခုအတွင်း Fort Hood တပ်စခန်းပိုင် အပါချီ စစ်ဘက်သုံး ရဟတ်ယာဉ်တစင်း ပျက်ကျပြီး မီးလောင်မှုကြီး ဖြစ်ပွားခဲ့တာကြောင့် သြဂုတ် ၁၂ ရက်က အမေရိကန်စစ်သား ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ ပျက်ကျသွားတဲ့ ရဟတ်ယာဉ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေပြီး မီးခိုးတွေ အလိပ်လိုက်ထွက်နေတဲ့ လယ်ကွင်းပြင်ဆီကို ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အနီးအနားက မြက်ခင်းပြင်မှာလည်း မီးလောင်ကျွမ်းခဲ့ပါတယ်။

ဒီမတော်တဆမှုဟာ ပြည်နယ်မြို့တော် အော်စတင်ရဲ့ မြောက်ဘက် မိုင် ၆၀ လောက်အကွာ ဘဲလ်ကောင်တီမှာ ဖြစ်ပွားခဲ့တာလို့ ကောင်တီရဲတပ်ဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ကလစ်ဖ် ကိုးလ်မန်းက ပြောပါတယ်။

Fort Hood တပ်စခန်းက ထုတ်ပြန်ချက်တခုမှာ AH-64 တိုက်ခိုက်ရေးရဟတ်ယာဉ်တစီး ပျက်ကျပြီး စစ်သည်တော် ၂ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပေမဲ့ မိသားစုဆီ အကြောင်းမကြားရသေးတာကြောင့် သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အချက်အလက်ကိုတော့ လတ်တလော ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013