
ဘယ်လ်ဂျီယံကုမ္ပဏီ ScioTeq က ထုတ်လုပ်တဲ့ အဆင့်မြင့် မျက်နှာပြင်ပြစနစ်တွေဟာ အိန္ဒိယမိတ်ဖက်ကုမ္ပဏီ BEL ကနေတဆင့် မြန်မာစစ်အာဏာရှင်အုပ်စုဆီကို ရောက်ရှိနေနိုင်တယ်လို့ ဘယ်လ်ဂျီယံသတင်းစာ De Morgen က ဖော်ပြပါတယ်။
BEL ကုမ္ပဏီဟာ ScioTeq ရဲ့ စနစ်တွေကို ၃ ဘက်မြင် စောင့်ကြည့်ရေးရေဒါတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေမှာ တပ်ဆင်ပြီး စစ်အာဏာရှင်တပ်ဆီ ရောင်းချပေးနေတာပါ။
Justice For Myanmar ရဲ့ မှတ်တမ်းတွေအရ BEL ဟာ ၂၀၂၂ ကနေ ၂၀၂၆ မတ်လအထိ မြန်မာနိုင်ငံဆီကို အကြိမ် ၁၈၀ ကျော် ကုန်စည်တွေ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ScioTeq ဟာ အိန္ဒိယမှာ လက်အောက်ခံကုမ္ပဏီ ဖွင့်လှစ်ခဲ့လို့ စစ်အုပ်စုဆီကို နည်းပညာတွေ ပိုရောက်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။
ဒါကြောင့် ဥရောပသမဂ္ဂရဲ့ လက်နက်ပိတ်ဆို့မှုကို လိုက်နာဖို့နဲ့ ဒီကိစ္စကို အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေကို Justice For Myanmar က တောင်းဆိုထားပါတယ်။











