
အီရန်နဲ့ တိုက်ပွဲတွေ ပြန်ပြင်းထန်နေချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ် ရေလက်ကြားကို “ထရမ့်ပ်ရေလက်ကြား” လို့ အမည်ပြောင်းဖို့ စက်တင်ဘာ ၂ ရက်မှာ အဆိုပြု ခဲ့ပါတယ်။
“အခု အမေရိကန်က ထိန်းချုပ်ထားပြီဆိုတော့ ဟော်မုဇ်ရေလက်ကြားကို ထရမ့်ပ်ရေလက်ကြားလို့ အမည်ပြောင်းသင့်သလား” လို့ ထရမ့်ပ်က Truth Social မှာ ရေးခဲ့ပါတယ်။
အိမ်ဖြူတော်ကလည်း “ထရမ့်ပ်ရေလက်ကြား” လို့ ဖော်ပြထားတဲ့ မြေပုံကို တင်ခဲ့ပါတယ်။
AFP သတင်းထောက်က ဒီကိစ္စတကယ်လားလို့ မေးမြန်းခဲ့ရာမှာ “ဒီအတိုင်း ပြောကြည့်လိုက်တာပါ” လို့ ထရမ့်ပ်က ရယ်ပြီး ဖြေခဲ့ပါတယ်။
အသက် ၈၀ အရွယ် ရီပတ်ဘလစ်ကန်သမ္မတရဲ့ အရင်အဆိုပြုချက်တချို့ကို ဟာသလို့ သတ်မှတ်ခဲ့ ကြပေမဲ့ နောက်ပိုင်းမှာ တကယ်အကောင်အထည်ဖော်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ဖြစ်နေချိန်၊ ရက်ပိုင်းအလိုက ဟာသသဘောနဲ့ ပြောခဲ့တဲ့ အွန်တေးရီးယိုးရေကန်ကြီးကို “အမေရိကရေကန်ကြီး” လို့ အမည်ပြောင်းတဲ့အမိန့်ကို ဩဂုတ် ၂၇ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်၊ အိမ်ဖြူတော်ကို ပြန်ရောက်တဲ့ ပထမဆုံးနေ့မှာလည်း မက္ကဆီကို ပင်လယ်ကွေ့ကို “အမေရိကပင်လယ်ကွေ့” လို့ အမည်ပြောင်းခဲ့ပါတယ်။ မက္ကဆီကိုနဲ့ ကနေဒါတို့က တော့ ဒီအမည်ပြောင်းမှုတွေကို လက်မခံပါဘူး။
Source:Reuters











