မန်ချက်စတာမြို့တော်ဝန် အန်ဒီဘန်းဟမ်ဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် လွှတ်တော်အမတ်ဖြစ်သွားပြီး သူ့ရဲ့ မြို့တော်ဝန်ရာထူးကနေ ချက်ချင်းနုတ်ထွက်ခဲ့ရပါတယ်။
ဘန်းဟမ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင် ၂ ဘီလီယံတန်ဖိုးရှိတဲ့ ကွင်းသစ်စီမံကိန်းနဲ့ ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအတွက် အဓိကပံ့ပိုးပေးသူ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ရဲ့နုတ်ထွက်မှုက ကွင်းသစ်စီမံကိန်းအတွက် ရန်ပုံငွေနဲ့ မြေယာကိစ္စတွေမှာ မရေမရာ ဖြစ်လာစေတာပါ။ ဒါပေမဲ့ မန်ယူဘက်ကတော့ စိတ်မပူပါဘူးလို့ ဆိုပါတယ်။
မေကာဖီးလ်ဒ်နယ်မြေရဲ့ လွှတ်တော်အမတ်က နုတ်ထွက်သွားတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်ဒီဘန်းဟမ်က ဝင်ပြိုင်ခဲ့တာမှာ လွှတ်တော်အမတ် (MP) အဖြစ် ရွေးကောက်ခံလိုက်ရပြီ ဖြစ်တဲ့အတွက် ဗြိတိန်ဥပဒေအရ မြို့တော်ဝန်ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
မြို့တော်ဝန်အသစ်က ဘန်းဟမ်လိုပဲ ကွင်းသစ်စီမံကိန်းကို ထောက်ခံမလားဆိုတာ အာမခံချက်မရှိပါဘူး။
မြို့တော်ဝန်အသစ်ဟာ ရန်ပုံငွေကို ရပ်ဆိုင်းတာ ဒါမှမဟုတ် ကွင်းသစ်အတွက် လိုအပ်တဲ့မြေကို မဖြစ်မနေဝယ်ယူခွင့်ကို ငြင်းပယ်တာမျိုး လုပ်နိုင်ပါတယ်။
မန်ယူအသင်းကတော့ ဘန်းဟမ်ရဲ့ နုတ်ထွက်မှုက စီမံကိန်းကို ထိခိုက်မှာမဟုတ်ဘူးလို့ ယုံကြည်ထားပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်နေပါတယ်။
မြေယာအတွက် ညှိနှိုင်းမှုတွေမှာ မန်ယူက ပေါင် သန်း ၄၀ တန်တယ်လို့ ယူဆပေမဲ့ ပေါင် သန်း ၄၀၀ အထိ တောင်းဆိုထားတာကြောင့် ကွင်းသစ်စီမံကိန်းအတွက် အရေးကြီးတဲ့ မြေယာကိစ္စကတော့ ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။










