DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း ဘောလုံးကွင်းထဲ မိုးကြိုးပစ်၊ ကစားသမား ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ 
DVB
·
August 5, 2026
Photo: tnews 
Photo: tnews 
Donate to DVB

ထိုင်းတောင်ပိုင်း၊ နာရာသီဝပ်ခရိုင်၊ ဆုဟုန်ကိုလုပ်မြို့ ဘောလုံးအားကစားကွင်းထဲမှာ ဩဂုတ် ၄ ရက်  ညနေက Colok FA Cup ဘောလုံးပြိုင်ပွဲကျင်းပနေစဉ် မိုးကြိုးပစ်ချတာကြောင့်  ကစားသမား ၉ ယောက် ထိခိုက်ဒဏ်ရာရပြီး အဲဒီထဲက ၁ ယောက် သေဆုံးသွားတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဲဒီနေ့က မိုးရွာလိုက် ပြန်တိတ်လိုက်နဲ့ ဒုတိယပွဲစဉ် ပြန်ကစားချိန်မှာ မိုးဖွဲဖွဲသာ ရွာနေတယ်၊ မိုးခြိမ်းသံလည်း မကြားရဘဲနဲ့  ဆယ်မိနစ်ခန့်ကစားပြီးချိန် ကွင်းလယ်ကောင်ထဲကို ရုတ်တရက် မိုးကြိုးပစ်ချလာတယ်။ ဒါကို ပွဲကြည့်ပရိသတ်အချို့က ဗွီဒီယိုရိုက်ယူနိုင်ခဲ့ပါတယ်။ 

မိုးကြိုးပစ်ချခံရတာကြောင့် ဘောလုံးကစားသမားအချို့  လဲကျသွားတယ်။ ကယ်ဆယ်ရေးအဖွဲ့ ဝင်ရောက်လာပြီး ဒဏ်ရာရသူတွေကို ရှေးဦးသူနာပြုစုကာ ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်။ 

ဒါပေမဲ့ အဲဒီထဲက အသက် ၂၄ နှစ်ရွယ် ဆော့ဖ်ဝမ်း အာဝဲ ကတော့ ဆေးရုံရောက်ပြီး မကြာခင် ဆုံးပါးသွားခဲ့ပါတယ်။ 

သူဟာ အရင်က ပတ္တနီအက်ဖ်စီ အသင်းဝင်ဟောင်းတယောက်ဖြစ်ပြီး  ယာ့လားအက်ဖ်စီ အသင်းထဲ ဝင်ရောက်လာတာ မကြာသေးဘူးလို့ ဆိုပါတယ်။ 

ထိခိုက်ဒဏ်ရာရတဲ့ထဲမှာ အသက် ၂၂ နှစ်ရွယ် မလေးရှားနိုင်ငံသား မိုဟာမက်အလီ အက်ဇ်ဟန်ဘင် ဇူကီဖလီ ဆိုသူလည်း ပါဝင်ပြီး သူကတော့ မလေးရှားပြန်ပြီး ဆေးကုနေတယ်လို့  သိရပါတယ်။ 

မကြုံစဖူး ထူးဆန်းတဲ့ဖြစ်ရပ်ဆိုးကြောင့် သေဆုံးသွားရသူအတွက် ဘောလုံးပွဲချစ်သူတွေက ဝမ်းနည်းကြေကွဲနေကြသလို ဆေးရုံမှာ တက်‌ရောက်ကုသနေရသူတွေလည်း အမြန်သက်သာပျောက်ကင်းဖို့ ဆုတောင်းပေးနေကြပါတယ်။ 

Source: Khaosod / tnews 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013