
ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်နမ် ဟာ ဘောလုံးပွဲကြည့်စင်ပေါ် အရက်သောက်ခွင့် ပိတ်ပင်ထားတာ ကို ခွဲခြားဆက်ဆံမှုအဖြစ် ဝေဖန်လိုက်ပါတယ်။
အင်္ဂလန် ထိပ်တန်းလိဂ်ပွဲတွေမှာ ကွင်းအတွင်း အရက်သောက်ခွင့်ကို ၁၉၈၅ ခုနှစ်တည်းက ပိတ်ပင် ထားတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒီဥပဒေကို ပြန်လည်သုံးသပ်ပြီး စမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတာပါ။
ဘောလုံးပရိသတ်များအဖွဲ့အစည်းကလည်း ခေတ်နောက်ကျနေတဲ့ ဥပဒေကို ပြောင်းလဲဖို့ ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကို ကြိုဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဘက်ကတော့ အရက်ကြောင့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်လာနိုင်လို့ ဥပဒေဖြေလျှော့တာကို ကန့်ကွက်ထားပါတယ်။
Photo:Reuters











