
စစ်အာဏာရှင် ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၆ ရက်နေ့ ထုတ်ပြန် လိုက်တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေတွေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေ တွေထဲမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးချိန်မှာ စီတန်းလှည့်လည်တာကို တားမြစ်တဲ့ ပြင်ဆင်ချက်ပါဝင်ပါတယ်။
ပြင်ဆင်လိုက်တဲ့ နည်းဥပဒေ ၄၄၊ နည်းဥပဒေခွဲ (ဂ)၊ နည်းဥပဒေခွဲငယ် (၇) နဲ့ နည်းဥပဒေ ၄၉ နည်းဥပဒေခွဲ (ဋ) တို့အရ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာမှာ ယာဉ်တန်း ဒါမှမဟုတ် လူစုလူဝေးနဲ့ စီတန်းလှည့်လည်ခွင့် မပြု ဆိုပြီး ဖော်ပြပါရှိပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ဧပြီ ၄ ရက်မှာ ကျင်းပမယ်လို့ စစ်အာဏာရှင် အစိုးရက ထုတ်ပြန်ပြီးနောက် ဒီနည်းဥပဒေတွေကို ပြင်ဆင်ခဲ့တာပါ။
အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၅ ဒီဇင်ဘာနဲ့ ဒီနှစ် ဇန်နဝါရီလတွေမှာ ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကျင်းပခဲ့တာမှာ အတုအယောင်ရွေးကောက်အဖြစ် ပြည်တွင်းပြည်ပက ဒီမိုကရေစီ အင်အားစုတွေက ကန့်ကွက်ရှုတ်ချပြီး အသိအမှတ်မပြုခဲ့ကြပါဘူး။











