
“သာယာဝပြောမှု အတူမျှဝေရေးအတွက် နှလုံးသားမီးအိမ် ထွန်းညှိခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ဗုဒ္ဓဘာသာဆိုင်ရာဖလှယ်ရေး ညီလာခံကို တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်းရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့မှာ အောက်တိုဘာ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။
တရုတ်နဲ့ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံ ၇ နိုင်ငံက ဗုဒ္ဓဘာသာ အသိုက်အဝန်းရဲ့ ကိုယ်စားလှယ်တွေက နန်နင်းမြို့ ထျန်းနင်း ဘုန်းတော်ကြီးကျောင်းမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲ အခမ်းအနားတခုကို ကျင်းပခဲ့ကြတာပါ။
ဒီညီလာခံကို တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ကွမ်းရှီး ဗုဒ္ဓဘာသာအသင်းက စီစဉ်ကျင်းပတာပါ။
တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ သီရိလင်္ကာနိုင်ငံတို့က ဗုဒ္ဓဘာသာ ကိုယ်စားလှယ်တွေနဲ့ ဧည့်သည်တော် ၁၀၀ ကျော် စုဝေးရောက်ရှိခဲ့ပါတယ်။
အနာဂတ်ကို အတူမျှဝေနိုင်မဲ့ လန်ချန်း-မဲခေါင် အသိုက်အဝန်းတခု တည်ဆောက်ရေးအတွက် အခန်းကဏ္ဍသစ် တရပ်ကို အတူတကွ ဖော်ဆောင်ခဲ့ကြပါတယ်။
Source: Reuters











