DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရမှု ၂ နှစ်ပြည့်မြောက်
DVB
·
July 21, 2026
Photo: KHRW
Photo: KHRW
Donate to DVB

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားမှာ စစ်အာဏာရှင်တပ်က ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်ခဲ့တာ ဇူလိုင် ၂၁ ရက်မှာ ၂ နှစ် ပြည့်မြောက်ခဲ့ပြီလို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (KHRW) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၁ ရက်ကတည်းက စတင်ခဲ့တဲ့ ဒီဖြတ်တောက်မှုတွေကြောင့် ၂ နှစ်တာ ကာလအတွင်း ဒေသခံ ပြည်သူတွေဟာ သတင်းအချက်အလက် သိရှိရယူပိုင်ခွင့် အပါအဝင် အခြေခံ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းအမှောင်ချထားတဲ့ အချိန်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စောင့်ကြည့်မှတ်တမ်းတင်ဖို့လည်း ပိုခက်ခဲသွားစေခဲ့တယ်လို့ ထောက်ပြထားပါတယ်။

လတ်တလောမှာလည်း ပြည်သူတွေ အဓိက အသုံးပြုနေတဲ့ Starlink အင်တာနက် ဝန်ဆောင်မှုကိုပါ ပိတ်ပင်ဖို့ စစ်အာဏာရှင်က ကြိုးပမ်းနေတာကြောင့် သတင်းရရှိပိုင်ခွင့်တွေ ပိုမိုကန့်သတ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

KHRW အနေနဲ့ အင်တာနက်နဲ့ ဖုန်းလိုင်း ဖြတ်တောက်ထားတာတွေကို ချက်ချင်း ရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013