DVB Logo
Home
နိုင်ငံတကာ
Starlink အင်တာနက်ကန့်သတ်မှုရုပ်သိမ်းပေးရန် အီလွန်မတ်စ်ခ်ကို ဇလန်းစကီး တောင်းဆို
DVB
·
November 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီလွန်မတ်စ်ခ်ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှု အရမ်းနှေးကွေးပြီး  ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်မှုရှိနေတာကြောင့် ကန့်သတ်ချက်တွေ ရုပ်သိမ်းပေးဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တောင်းဆိုလိုက်ပါတယ်။

“သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့ အရေးကြီးပါတယ်” လို့လည်း ဇလန်းစကီးက အမေရိကန်အစိုးရနဲ့ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီကို နိုဝင်ဘာ ၁၅ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

Starshield ဟာ Starlink ရဲ့ စစ်ရေးသုံး ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုဖြစ်ပြီး ယူကရိန်းက ရုရှားဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်တားဆီးရာမှာ အသုံးပြုနေပါတယ်။

ရှေ့တန်းစစ်မျက်နှာနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ဒီစနစ်ရဲ့ အမြန်နှုန်း ကန့်သတ်ချက်တွေ ဆက်ရှိနေတာကြောင့် ယူကရိန်းရဲ့ ကြားဖြတ်ဒရုန်းတွေဟာ တနာရီ ၁၆၁ ကီလိုမီတာနှုန်းနဲ့ ပျံသန်းတဲ့အခါ အဆက်အသွယ်ပြတ်တောက်ပြီး ရုရှားရဲ့ ဂျက်အင်ဂျင်သုံး ဒရုန်းတွေကို မမီနိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒီပြဿနာကို အောက်တိုဘာလက စကြုံခဲ့ရပြီး မတ်စ်ခ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့က တယောက် တမျိုး ပြောခဲ့ကြပါတယ်။

Starshield စနစ်ကို အမေရိကန်အစိုးရက ထိန်းချုပ်ထားတယ်လို့ မတ်စ်ခ်က ပြောပေမဲ့ ထရမ့်ပ်ကတော့ သူ့မှာ တာဝန်မရှိကြောင်း ငြင်းဆိုပြီး ဝန်ဆောင်မှု ပြန်လည်ကောင်းမွန်အောင် လုပ်ပေးဖို့ မတ်စ်ခ်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ယူကရိန်းမှာ အမေရိကန်ထုတ် ပက်ထရီးယော့ ကြားဖြတ်ဒုံးကျည်တွေ ပြတ်လပ်နေပြီး ရုရှားကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုတွေ တိုးမြှင့်နေပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းအထိ ရုရှားက ဇာပိုရီရှား၊ ဆူမီ၊ အိုဒက်ဆာ၊ ဇီတိုမီယာနဲ့ ကီရိုဗိုဟရတ် ဒေသတွေက စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့သလို ဒေသသုံးခုက ရထားနဲ့ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေလည်း  တိုက်ခိုက်ခံခဲ့ရပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013