
မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားသမားခေါ်ယူမှုတွေမှာ ပေါင် ၃၃၄ သန်းအထိ ဆုံးရှုံးမှု ရှိနေတာကြောင့် ဥရောပရဲ့ အဆိုးရွားဆုံး ကစားသမားဈေးကွက် စီမံခန့်ခွဲသူအဖြစ် သတ်မှတ်ခံ လိုက်ရပါတယ်။
ဒီအချက်အလက်တွေကို CIES ရဲ့ လေ့လာမှုအသစ်တခုမှာ ဖော်ပြထားတာပါ။ လက်ရှိအချိန်မှာ မန်ယူအသင်းဟာ နည်းပြပိုင်းဆိုင်ရာ အခက်အခဲတွေ၊ အသင်းတွင်း မကျေနပ်မှုတွေနဲ့ ပရိသတ်တွေ ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။
ဒီအစီရင်ခံစာအရ ပရီးမီးယားလိဂ်က စပါးအသင်းကလည်း ကစားသမားခေါ်ယူမှု အဆိုးရွားဆုံး အသင်း ၃ သင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။
မန်ယူအသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူရာမှာ ငွေကြေးအမြောက်အမြား သုံးစွဲထားပေမဲ့ ရလဒ်ပိုင်းမှာတော့ မျှော်လင့်ထားသလို ဖြစ်မလာတာပါ။
အသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့အပေါ် ပရိသတ်တွေရဲ့ ဒေါသထွက်မှုတွေကလည်း တနေ့တခြား ပိုမိုမြင့်တက်လာနေပါတယ်။
Photo:Reuters











